ထိုင်းနိုင်ငံသားတစ်ဦးအသတ်ခံရမှုတွင် လက်ဗွေတွေ့၍ ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ် အမှုရင်ဆိုင်ရန်အခက်အခဲရှိနေ

ထိုင်းနိုင်ငံသားတစ်ဦးအသတ်ခံရမှုတွင် လက်ဗွေတွေ့၍ ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ် အမှုရင်ဆိုင်ရန်အခက်အခဲရှိနေ
ဖမ်းဆီးခံထားရသူများကို တွေ့ရစဉ်
ဖမ်းဆီးခံထားရသူများကို တွေ့ရစဉ်

ထိုင်း-မလေးရှားနယ်စပ်တွင် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုဖြစ်စဉ်တွင် လက်ဗွေတွေ့၍  ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ်ငယ်တစ်ဦးမှာ  ငွေကြေးချို့တဲ့၍ အမှု ရင်ဆိုင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

၎င်းလူငယ်မှာ စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာမှ ကိုအောင်ကိုဝင်း(၂၁) နှစ်ဖြစ်သည်။

၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့က ထိုင်း-မလေးနယ်စပ်တွင် ပျောက်ဆုံးနေသည့် ထိုင်းနိုင်ငံသားတစ်ဦး၏ အလောင်းကို  မြေမြုပ် တွေ့ရှိခဲ့ပြီးနောက်  မလေးရှားနိုင်ငံကိုသွားရောက်မည့် မြန်မာနိုင်ငံသား ၄၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ပြီး ယင်းအထဲက သံသယရှိသူ ၉ ဦးကိုထပ်မံစစ်ဆေးခဲ့သည်။

၎င်းအထဲက မျက်မြင်သက်သေ ၃ ဦး၊ လက်ဗွေတွေ့ရှိသူတစ်ဦးကို တွေရှိခဲ့သဖြင့် ဆက်လက်ထိန်းသိမ်းထားပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း၊ ၎င်းတို့မှာ စစ်တွေမြို့နယ်က တစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်ကတစ်ဦးနှင့် မင်းပြားမြို့နယ်မှ ၂ ဦးတို့ ဖြစ်ကြသည်ဟု ၎င်း အမှုကိစ္စကို လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသည့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ထိုင်းတောင်ပိုင်း ဟယိုင်ရုံး တာဝန်ခံဦးသိန်းထွန်းက ပြောသည်။

၎င်းအထဲတွင် လက်ဗွေတွေ့ရှိခဲ့သည့် လူငယ်ကို လူသတ်မှုဖြင့် သံသယဖြင့် စွပ်စွဲထားပြီး အမှုကို ရှေ့နေငှားပြီး ရင်ဆိုင်ရန် စီနေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဦးသိန်းထွန်းက " ဒီအမှုမှာ လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ သူက အမှန်တကယ် လူသတ်မှုထဲမှာ ပါတာတော့မဟုတ်ဘူး။ ထိုင်းလူမျိုးအသက်ရှိစဉ်က ရခိုင်မလေးတစ်ယောက်ကိုပြန်ပေးဆွဲတဲ့အခါ သူကသွားတားတဲ့ အထဲတော့ပါတယ်။ လက်ဗွေတွေ့သူ အမှုရင်ဆိုင်ဖို့အတွက် ရှေ့နေငှားပြီး ကျွန်တော်တို့စီစဉ်နေပါတယ်။ တရားရုံးမှာတင်ပြဖို့အတွက် ဒီတရားခံတွေကို သွားစစ်ဆေးပြီးပါပြီ။ ဗီဒီယိုဖိုင်တွေ ကျွန်တော်တို့ လုပ်ထားတာရှိပါတယ်" ဟု ပြောသည်။

လာမည့်အပတ်မှာ အဆိုပါ သက်သေအချက်အလက်များကို တရားရုံးကို တင်ပြသွားမည်ဟု ဦးသိန်းထွန်းက ပြောသည်။

"အမှုအခြေအနေကတော့ ရှေ့တစ်ပတ်မှာ သက်သေက ထွက်ဆိုထားတဲ့ အချက်အလက်တွေကို တင်ပြသွားဖို့ရှိတယ်။ နောက်ပြီး အဲ့ဒီသက်သေတွေကို တရားရုံးက တိုက်ရိုက်ခေါ်ယူ စစ်ဆေး နိုင်အောင်လည်း ဆောင်ရွက် နေပါတယ်"ဟု ပြောသည်။

ကိုအောင်ကိုဝင်း မလေးကိုသွားပြီး အလုပ်ရန် မိဘများကအိမ်နှင့်ခြံကို ပေါင်နှံပေးလိုက်ခြင်းဖြစ်ပြီး မိဖများမှာလည်း လက်ရှိအချိန်တွင် မြေကွက် ငှားရမ်းနေထိုင်နေရသည့်အတွက် ကိုအောင်ကိုဝင်း၏ အမှုအတွက် ရှေ့နေဖိုး အပြည့်မပေးနိုင်ဘဲ ငွေကြေးအခက်အခဲဖြစ်နေကြောင်း ဦးသိန်းထွန်းက ပြောသည်။

"အမှန်တကယ်ရှေ့နေငှားရင် ဘတ်သိန်းဂဏန်းရှိပါတယ်။ ဒါပေမယ့် အခုရှေ့က ရင်းနှီးမှုနဲ့ ကူညီတဲ့အနေနဲ့  ဘတ် ၃သောင်းပဲယူတယ်။ သွားလာစရိတ်နဲ့ ဘာသာပြန်ခတွေကို ကျွန်တော်တို့က ဆောင်ရွက် ပေးနေတယ်။ အခု သူတို့ဆီက ရောက်တာက ဘတ် ၂၈၀၀၀ ကျော်ကျော် လေးပဲ ရောက်တယ်။ ဆိုတော့ရှေ့နေဖိုးက မလောက်ဘူး။ နောက်ထပ် ပေးဖို့ပိုက်ဆံကလည်းမရှိတော့ဘူး။ ကျွန်တော် တတ်နိုင်သလောက် ခွန်အားလောက်နဲ့လည်း ကူညီထားပြီးဖြစ်တယ်။ နောက်ထပ် ကူညီဖို့ကလည်း ကျွန်တော့မှာလည်း မိသားစုအခြေနေလည်းရှိတယ်။ သူတို့မှာကလည်း နောက်ထပ်ငွေရှာမယ့်အနေအထားမရှိတော့တာမျိုးကို သိရပါတယ်"ဟု ပြောသည်။

အဆိုပါအမှုတွင် သေဆုံးသွားသူ ထိုင်းနိုင်ငံသားသည် မလေးရှားသို့ အလုပ် လုပ်ရန် တရားမဝင်လမ်းကြောင်းမှ သွားသည့် ရခိုင်အမျိုးသမီး တစ်ဦးအား တောထဲတွင် ဓားထောက်ပြီး ပြန်ပေးဆွဲရန် ကြိုးပမ်းရာမှ အုပ်စုဖွဲ့ ရိုက်နက်မှု ဖြစ်ပွားစဉ် လက်လွန်သေဆုံးသွားခဲ့သည်ဟု သတင်းများ ဖြစ်ပေါ် နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

၎င်းအမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား လူပေါင်း ၄၀၀ ကျော်အား ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးခဲ့သည်။  ဖမ်းဆီးခံရသူများ အထဲကအမှုနှင့် မသက်ဆိုင်ကြောင်း ယူဆသူများကို တရားရုံးမတင်ဘဲ မြန်မာနိုင်ငံကို ၄ ကြိမ်ခွဲကာ လူပေါင်း ၂၀၀ ပြန်ပို့ခဲ့ပြီး နောက်ထပ် ၂၀၀ ကျော် ကျန်ရှိ နေသေးကြောင်း သိရသည်။

လက်ရှိတွင် ပြန်ပို့ရန်ကျန်ရှိသူများကို ယာယီအချုပ်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...