ဖမ်းဆီးခံခဲ့ရသည့် မြစ်ကြီးနားမြို့ပြပျောက်ကြား အဖွဲဝင် (၂)ဦးကို စစ်ကောင်စီက နှိပ်စက်သတ်ဖြတ်

ဖမ်းဆီးခံခဲ့ရသည့် မြစ်ကြီးနားမြို့ပြပျောက်ကြား အဖွဲဝင် (၂)ဦးကို စစ်ကောင်စီက နှိပ်စက်သတ်ဖြတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း ဧပြီလက စစ်ကောင်စီရဲ့ ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရတဲ့ မြို့ပြပျောက်ကြားအဖွဲ့ဝင်သုံးဦးထဲက အဖွဲ့ခေါင်းဆောင်နဲ့  အဖွဲ့ ဝင်တစ်ဦးကို စစ်ကောင်စီကနေ ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြို့ပြပျောက်ကျားအဖွဲ့ဝင် သုံးဦး စစ်ကြောရေးမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး အကျဥ်းထောင်ထဲပို့ခဲ့ပြီးတော့  သုံးလ အကြာမှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ သတ်ခံရသူတွေ နဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ဖမ်းခံရတဲ့ ငါတို့လူထောင်ထဲမှာ စစ်ခွေးတွေ သတ်ပစ်လိုက်ကြပြီ။သေသွားပြီ။အတိအကျသိတာက မြို့ပြပျောက်ကြားအဖွဲ့ခေါင်းဆောင်ကိုသတ်လိုက်တာ။ နောက်တစ်ယောက်က ဘယ်သူသေသွားလည်းဆိုတာ အတိကျမသိရသေးဘူး။အစက နည်းမျိုးစုံနဲ့ ရိုက်နှက် နှိပ်စပ်စစ်ဆေးတာ ဘယ်သူမှ မဖော်ကြဘူး။မဖော်လို့နေမှာ ထောင်ထဲတင် သတ်ပစ်လိုက်ကြပြီ" လို့ ပြောဆိုခဲ့တာပါ။”

သတ်ဖြတ်တာမခံရခင် အကျဥ်းထောင်ကိုပို့လိုက်ပေမယ့် စစ်ကောင်စီက မကြာခဏ ဆိုသလို လာရောက်ခေါ်ထုတ်ပြီးတော့ ရိုက်နှက် ညှင်းပမ်းနှိပ်စက်တာတွေရှိခဲ့တယ်လို့လည် သိရပါတယ်။

လွန်ခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း မြို့တွင်းအခြေအနေလေ့လာနေတဲ့ မြို့ပြပျောက်ကျားအဖွဲ့ဝင်တစ်ဦး ကို ဖမ်းဆီမိခဲ့ပြီး စစ်ကောင်စီကနေ ကွင်းဆက်လိုက်ဖမ်းတာကြောင့် အခြားအဖွဲ့ဝင်နှစ်ဦးဆက်လက်ဖမ်းဆီးခံခဲ့ရပြီးတော့  လူမှုကွန်ရက်မှာ ကားဓားပြတိုက်သူတွေ အဖြစ် ပုံဖော်ထားခဲ့တယ်လို့လည်း သိရပါတယ်။

Most read this week

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...