ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း ဧပြီလက စစ်ကောင်စီရဲ့ ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရတဲ့ မြို့ပြပျောက်ကြားအဖွဲ့ဝင်သုံးဦးထဲက အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ ဝင်တစ်ဦးကို စစ်ကောင်စီကနေ ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ မြို့ပြပျောက်ကျားအဖွဲ့ဝင် သုံးဦး စစ်ကြောရေးမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး အကျဥ်းထောင်ထဲပို့ခဲ့ပြီးတော့ သုံးလ အကြာမှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ သတ်ခံရသူတွေ နဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
"ဖမ်းခံရတဲ့ ငါတို့လူထောင်ထဲမှာ စစ်ခွေးတွေ သတ်ပစ်လိုက်ကြပြီ။သေသွားပြီ။အတိအကျသိတာက မြို့ပြပျောက်ကြားအဖွဲ့ခေါင်းဆောင်ကိုသတ်လိုက်တာ။ နောက်တစ်ယောက်က ဘယ်သူသေသွားလည်းဆိုတာ အတိကျမသိရသေးဘူး။အစက နည်းမျိုးစုံနဲ့ ရိုက်နှက် နှိပ်စပ်စစ်ဆေးတာ ဘယ်သူမှ မဖော်ကြဘူး။မဖော်လို့နေမှာ ထောင်ထဲတင် သတ်ပစ်လိုက်ကြပြီ" လို့ ပြောဆိုခဲ့တာပါ။”
သတ်ဖြတ်တာမခံရခင် အကျဥ်းထောင်ကိုပို့လိုက်ပေမယ့် စစ်ကောင်စီက မကြာခဏ ဆိုသလို လာရောက်ခေါ်ထုတ်ပြီးတော့ ရိုက်နှက် ညှင်းပမ်းနှိပ်စက်တာတွေရှိခဲ့တယ်လို့လည် သိရပါတယ်။

လွန်ခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း မြို့တွင်းအခြေအနေလေ့လာနေတဲ့ မြို့ပြပျောက်ကျားအဖွဲ့ဝင်တစ်ဦး ကို ဖမ်းဆီမိခဲ့ပြီး စစ်ကောင်စီကနေ ကွင်းဆက်လိုက်ဖမ်းတာကြောင့် အခြားအဖွဲ့ဝင်နှစ်ဦးဆက်လက်ဖမ်းဆီးခံခဲ့ရပြီးတော့ လူမှုကွန်ရက်မှာ ကားဓားပြတိုက်သူတွေ အဖြစ် ပုံဖော်ထားခဲ့တယ်လို့လည်း သိရပါတယ်။







