အထည်ချုပ် စက်ရုံ ဝန်ထမ်း လစာငွေများ ဓါးပြတိုက်ခံရ

အထည်ချုပ် စက်ရုံ ဝန်ထမ်း လစာငွေများ ဓါးပြတိုက်ခံရ

မကွေးတိုင်း ပခုက္ကူမြို့ နယ်အတွင်း ကားတစ်စီး ဓါးပြတိုက်ခံရခြင်းကြောင့် ကျပ်သိန်း ၂၅၀၀ ဝန်းကျင်ပါသွားသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်က ပန်းတိုင်ခြုံ အထည်ချုပ်စက်ရုံက ကားတစ်စီး ပေါင်လောင်ကန်ကျေးရွာအနီးမှာ ဓါးပြတိုက်ခံရခြင်းဖြစ်ပြီး ကားအပြင် ငွေကျပ်သိန်း ၂၅၀၀ ဝန်းကျင်လည်း ပါသွားသည်ဟု သိရသည်။

“မျက်နှာမှာ mask တပ်ပြီး ဦးထုပ်ဆောင်းထားတဲ့လူ ၇ ယောက်က သေနတ်တွေနဲ့ ကားတားလို့ ကားစစ် တယ် မှတ်ပြီး ကားရပ်ပေးလိုက်တာ။ ဘယ်ကလဲမေးတော့ အထည်ချုပ်စက်ရုံကားလို့ ဖြေလိုက်တာ။ ဆင်းခိုင်းပြီး ကားမောင်းပြေး သွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ပန်းတိုင်ခြုံ အထည်ချုပ်စက်ရုံက ကားပေါ်တွင် ဝန်ထမ်းများအတွက် လစာငွေပေးရန် ငွေသား ကျပ် သိန်း ၂၅၀၀ ပါသွားသည်ဟု သိရသည်။

ယခုဓါးပြတိုက်ခံရသည့် နေရသည် ပခုက္ကူမြို့ပြင် တစ်နေရာတွင် ဖြစ်သည်ဟု ဆိုသည်။

ဓါးပြတိုက်သူများသည် ကားပေါ်တွင်ပါလာသူများကို တစ်စုံတစ်ရာ ရန်ပြုခြင်းမရှိပဲ ကားကိုသာ တစ်ခါတည်း မောင်းနှင်ထွက်ပြေးသွားသည်ဟု သိရသည်။

ပခုက္ကူမြို့မစျေးက ရှမ်းဧကရီရွှေဆိုင်တွင် ဇူလိုင် ၄ ရက်နေ့၊ နေ့ခင်းပိုင်းကလည်း သေနတ်ကိုင်ဆောင်ထားသူ လူတစ်စု ဓားပြတိုက်ခဲ့ခြင်းကြောင့် ကျပ်သိန်း ၁၀၀ ဝန်းကျင်ပါသွားသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု ဒေသခံ များ၏ ပြောပြချက်အရ သိရသည်။

ပခုက္ကူမြို့တွင် ယခုရက်ပိုင်းအတွင်း ဓားပြတိုက်ခံရမှုများ မကြာခဏဖြစ်နေပြီး တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးဟု ဒေသခံများက ပြောသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...