စက်သုံးဆီစျေးကြီးမြင့်မှုကြောင့် တန်ဂျာကျေးရွာက လယ်ယာလုပ်ကိုင်သူအချို့ ရပ်နားထားရ

စက်သုံးဆီစျေးကြီးမြင့်မှုကြောင့် တန်ဂျာကျေးရွာက လယ်ယာလုပ်ကိုင်သူအချို့ ရပ်နားထားရ

မြစ်ကြီးနား- ပူတာအိုသွားလမ်းက တန်ဂျာကျေးရွာမှာ စက်သုံးဆီ အရင်နှစ်တွေကထက် နှစ်ဆလောက် မြင့်တက်သွားတာကြောင့် လယ်လုပ်သူအချို့ ရပ်နားထားရတယ်လို့ သိရပါတယ်။

ဓာတ်ဆီ၊ ဒီဇယ်တွေ ဝယ်ယူဖို့ ဝင်ငွေမရှိတာအပြင် လယ်ထွန်ဖို့ ထွန်စက်ငှားရမ်းခ မရှိတာတွေကြောင့် အရင်နှစ်တွေကထက် လယ်လုပ်သူ တစ်ချို့ ရပ်နားထားလိုက်ရတယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

"အရင်နှစ်တွေကထက် လယ်လုပ်တာက သုံးပုံကနေ တစ်ပုံက လျော့သွားတယ်လို့ မြင်ရတယ်။ နှစ်ပုံလောက်ပဲလုပ်တော့တာပေါ့။ ဓာတ်ဆီမဝယ်နိုင်တာရေ၊ လယ်ထွန်စက် မရှိတာက တစ်ကြောင်းကြောင့်ပေါ့။ အဲဒါကို ငှားဖို့ပိုက်ဆံကလို၊ ဆီဝယ်ဖို့လည်း ပိုက်ဆံကလိုလာ ဝင်ငွေက မရှိဆိုတော့ ရပ်ထားရတဲ့ လယ်တွေ ရှိတာပေါ့"လို့သူကပြောပါတယ်။

အရင်နှစ်က အိမ်ခြေ(၃)ခုလောက်ပေါင်းပြီးတော့ ဆီတစ်ပေပါကို (၂)သိန်းကျော်နဲ့ ဝယ်ယူပြီး လယ်ကို လုပ်ကိုင်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့(၅)သိန်းကျော်လောက် စျေးသွားတာကြောင့် ဝယ်ယူဖို့ ခက်ခဲသွားတယ်လို့ ဒေသခံကဆိုပါတယ်။

ဒေသခံရဲ့ ပြောပြချက်အရ ကျေးရွာ‌ နေတောင်သူတွေဟာ (၅)ဂါလံအထက်ဆိုရင် ပူတာအို မြို့ပေါ်တက်ပြီးဓာတ်ဆီတစ်ဂါလံ(၁၅၀၀၀)ကျပ်နဲ့ ဒီဇယ် တစ်ဂါလံ(၁၆၀၀၀)ကျပ်နဲ့  သွားရောက်ဝယ်ယူကြတယ်လို့လည်း သိရပါတယ်။

တန်ဂျာကျေးရွာမှာ လူဦးရေ (၅၀၀)ကျော်လောက်ရှိပြီး အိမ်ခြေအများစုဟာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

Most read this week

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...