ရထားခရီးစဉ်များ ဈေးတက်

ရထားခရီးစဉ်များ ဈေးတက်

ရန်ကုန်မြို့ပတ် ရထားများ အပါအဝင် ရထားခရီးစဉ် အားလုံးအတွက် စီးနင်းခများကို ဇူလိုင်လ ၁ ရက်နေ့ မှ စတင်၍ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ကြေညာသည်။

တစ်နှစ်ကျော်ကြာ ရပ်နားထားခဲ့သည့် ရန်ကုန်-မန္တလေး အမြန်ရထား ခရီးစဉ်ကိုလည်း ဇူလိုင်လ ၁ ရက်နေ့မှ စ၍ နေ့စဉ်ပုံမှန် ပြန်လည် ပြေးဆွဲနေပြီဖြစ်သည် ဟု သိရသည်။

“ရန်ကုန်-မန္တလေး အမြန်ရထားက ရပ်ထားတာလည်း တစ်နှစ်ကျော်ကြာပြီ။ CDM လုပ်ကြတဲ့ ဝန်ထမ်းဦးရေ က လည်း များတယ်လေ။ အခုတော့ အသစ်တွေ ထပ်ခေါ် ထပ်ခန့်ထားပြီးပြီလည်း ကြားတယ်” ဟု မြန်မာ့ မီးရထား မှ Non CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်-မန္တလေး အမြန်ရထား လက်မှတ်တစ်စောင်လျှင် ယခင်က ရိုးရိုးတန်း-၄၆၅၀ ကျပ်၊ ယခု-၇၇၅၀ ကျပ်၊ ယခင်က အထက်တန်း-၉၃၀၀ကျပ်၊ ယခု-၁၅၄၅၀ကျပ်၊ ယခင် အိပ်စင်-၁၃၀၀၀ကျပ်၊ ယခု ၂၁၂၅၀ ကျပ် ဟူ၍ တိုးမြှင့်သတ်မှတ်ထားပြီး အိပ်စင်ခန်း (၁) တွဲ၊ အထက်တန်း (၆) တွဲ၊ ရိုးရိုးတန်း (၁၁) တွဲ နှင့် ဘရိတ်တွဲ (၁) တွဲ တို့ ပါရှိသည်ဟု ထုတ်ပြန်ထားသည်။

ရထားလက်မှတ်စျေးနှုန်း တိုးမြှင့်သတ်မှတ်ရခြင်း နှင့် ပတ်သက်၍ “စီးခတွေတက်တာကတော့ ဆီဈေးကြောင့် တက်တာပါ၊၊ အသေးစိတ်တော့ မသိဘူးဗျ” ဟု မြန်မာ့မီးရထား မှ Non CDM ဝန်ထမ်းက ဆက်ပြောသည်။

ရန်ကုန်မှလာ‌သည့် အမြန်ရထား (အဆန်) သည် ရန်ကုန်ဘူတာကြီးမှ ညနေ ၃ နာရီ ၄၅ မိနစ်တွင် စထွက်ပြီး မန္တ လေးသို့ နောက်ရက် နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် ဆိုက်ရောက်မည် ဖြစ်သည်ဟု သိရသည်။

မန္တလေးမှ လာသော အမြန်ရထား (အစုန်) သည် မန္တလေး ဘူတာကြီးမှ ညနေ ၃ နာရီတွင် စထွက်ပြီး ရန်ကုန်သို့ နောက်ရက် နံနက် ၉ နာရီ မိနစ် ၃၀ တွင် ဆိုက်ရောက်မည် ဖြစ်သည့်ဟု မြန်မာ့မီးရထား ရုံးချုပ်မှ ထုတ်ပြန်ချက် များအရ သိရသည်။

ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ရထားလက်မှတ် စျေးနှုန်းများ အားလုံး ၆၇ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက် ကြောင်း မြန်မာ့မီးရထား၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထုတ်ပြန်ထားသည်။

မကြာခင် ရန်ကုန် - မန္တလေး - ရန်ကုန် လေအိတ်ရထား၊ ရန်ကုန် - မော်လမြိုင် - ရန်ကုန် ရထား နှင့် ရန်ကုန် - ပြည် - ရန်ကုန် ရထားတို့လည်း ပြန်လည် ပြေးဆွဲပါမည်ဟု မြန်မာ့မီးရထားရုံးချုပ်က ထုတ်ပြန်ထားသည်။

မြန်မာ့မီးရထားဌာနတွင် CDM ပြုလုပ်သူများပြားကာ ဝန်ထမ်းအင်အား မလုံလောက်၍ ယခုအခါ ရထားများကို အရေအတွက် အနည်းငယ်သာ ပြေးဆွဲနေရ‌ပြီး အာဏာမသိမ်းခင် ပုံမှန်အချိန်ကထက် ရထားပြေးဆွဲမှုမှာ သုံးဆ ကျော် လျော့နည်းသွားသည်ဟု မှတ်တမ်းများအရ သိရသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...