ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် နတ်ရေကန်နှင့်ဂွေးပင်တော ကျေးရွာ ၂ခုကြား ကင်းပုန်းဝပ်ပြီး ခြေလျင်ဖြင့် ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချောင်းဦးမြို့နယ်ဒေသကာကွယ်ရေးတပ်(CHU LDF)တပ်မှ လမ်းခုလတ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၅ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း CHU LDFမှ သိရသည်။

ယနေ့ နံနက် ၅နာရီဝန်းကျင်တွင် စစ်အင်အား ၁၅ဦးခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကင်းပုန်းဝပ်ပြီးမှ ဂွေးပင်ရွာဘက်သို့ ပြန်လာရာခဲ့ရာ ချောင်းဦး CHU LDF အဖွဲ့တို့ ထောင်ထားသည့် ပဒေသာမိုင်းကွင်းအတွင်းဝင်ရောက်လာသဖြင့် ၄ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိုနေရာတွင် စစ်ကောင်စီတပ်သား ၅ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ချောင်းဦးLDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“သူတို့က ကင်းပုန်းဝပ်ကအပြန် မိုင်းဆွဲလိုက်တာဗျ။ အင်အားက ၁၅လောက်ပါတယ်။ ပထမဆုံး ၅ယောက်က မိုင်းကွင်းထဲဝင်လာတော့ ပဒေသာမိုင်း ၄လုံးနဲ့ဆိုတော့ ခြေပြတ်ခေါင်းပြတ်နဲ့တစ်စစီကိုဖြစ်သွားတာ”ဟုပြောဆိုသည်။

မိုင်းကွင်းထဲ စစ်ကောင်စီတပ်သား ၅ဦး သေဆုံးမှုကို CHU LDF အဖွဲ့မှ မျက်မြင်တွေ့ရှိခဲ့ရပြီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းလည်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်နေ့ကလည်း ချောင်းဦးမြို့မှ အင်အားအပြည့်တင်ဆောင်ကာ ထွက်လာသော စစ်ကောင်စီတပ်၏ ၁၂ဘီးကား တစ်စီးကိုလည်း Farmer Revolution Force (FRF) နှင့် ဒေသကာကွယ်ရေးတများစုပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးများပြားကြောင်း FRF (CHU)ကထုတ်ပြန်ခဲ့သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...