မံစီမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၆) ဦးသေဆုံး

မံစီမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၆) ဦးသေဆုံး
ပုံဟောင်းအသုံးပြုထားပါသည်။
ပုံဟောင်းအသုံးပြုထားပါသည်။

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ထဲက မက်လင်ဂျောင်ကျေးရွာ နဲ့ သံတံတားကျေးရွာအနီးမှာ စစ်ကောင်စီယာဉ် တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၆) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စစ်ကောင်စီယာဉ်တန်းဟာ ဇွန်လ (၂) ရက်နေ့ နေ့လယ် (၁) နာရီလောက်မှာ သံတံတားကျေးရွာ ဘက်ကနေ မက်လင်ချောင်ကျေးရွာဘက်ကို သွားတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၆) ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

"မက်လင်ဂျောင် သံတံတားဆိုတာက မံစီမြို့နယ်ထဲမှာပါတာပေါ့။ သူတို့က စင်းခန်း နဲ့ မံစီ စပ်ကြားမှာ လှုပ်ရှားနေတာပေါ့။ အဲဒီမှာ သူတို့ မိုင်းဆွဲတိုက်ခိုက်ခံရတာ ။ ၆ ယောက်လောက်သေတယ်။ နောက်ဒဏ်ရာတဲ့သူလည်း တော်တော်များတယ်။ " လို့ ဒေသခံက ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို KIA နဲ့ PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ရင်းကတော့ တပ်မ (၈၈) လက်အောက်ခံတပ်ရင်းတွေဖြစ်တယ်လို့လည်း ဒေသခံက ဆိုပါတယ်။

 

" အဲဒါကတော့ KIA နဲ့ PDF ပေါင်းထားတဲ့ အဖွဲ့တွေပဲ။ စစ်ကောင်စီတပ်သား ၁၀၀ လောက်က ရွှေကူနဲ့ စင်းခန်းကြားမှာလှုပ်ရှားနေတာ။ နောက်ထပ်အယောက် ၅၀ လောက်က ဒီမံစီနဲ့ ဗန်းမော်ကြားမှာ လှုပ်ရှားနေတာ အဲဒီ ၅၀ အဖွဲ့နဲ့တွေ့တာ။ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းတွေပေါ့ ။ ဘက်တံဆိပ်မှာတော့ တပ်မ ၈၈ ဆိုပြီးရေးထားတယ်။ "လို့လည်း ထပ်မံဆိုပါတယ်။

 

မံစီမြို့နယ်ဟာ KIA တပ်မဟာ (၃) က တပ်ရင်းတပ်ဖွဲ့တွေ အခြေစိုက်လှုပ်ရှားတဲ့ နယ်မြေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ မေလအတွင်းကလည်း မံစီမြို့နဲ့ (၅) မိုင်ခန့်ကွာဝေးတဲ့ မဒမ်ယန် ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော့ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါသေးတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...