ရွှေကူမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွါး

ရွှေကူမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွါး
ပုံအဟောင်းအသုံးပြုထားပါသည်။
ပုံအဟောင်းအသုံးပြုထားပါသည်။

ရွှေကူမြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျှောက်  မိုးသည်းထန်စွာ ပြန်လည် ရွာသွန်းနေတာကြောင့် ရေကြီးမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ရွှေကူမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေတာဟာ (၅) ရက်ခန့်ရှိပြီ ဖြစ်ပြီးတော့ မြစ်ရိုး‌တစ်လျှောက်ကျေးရွာများတွေမှာ ထပ်မံရေလွှမ်းမိုးနေပြီဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

" ရေတွေကြီး မိုးတွေရွာ ဘယ်တော့မှ မပြတ် စိတ်ညစ်တာကြီး။ (၄), (၅) ရက်အတွင်းမှာပါ့အေ ရေတွေကြီး မိုးတွေရွာတယ်” လို့ ဒေသခံက ဆိုပါတယ်။

ဒေသခံတွေ အနေနဲ့ ရေးဘေးဒုက္ခကို ပြန်လည် ကြုံတွေ့နေရပေမယ့် အရင်ကလို ကူညီတဲ့ ပရဟိတအဖွဲ့အစည်းတွေ မရှိတော့တာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ရွှေကူမြို့နယ်အတွင်း ပြီးခဲ့ ဇွန်လ လဆန်းပိုင်းလောက်ကလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွါးခဲ့ပြီး စိုးရိမ်ရေအမှတ်ထိ ရောက်ရှိခဲ့တာကြောင့် မြေနိမ့်ပိုင်းနေ အိမ်ထောင်စုတွေဟာ နီးစပ်ရာ နေရာတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း ကချင်ပြည်နယ် အတွင်းရှိ ပူတာအို၊ ဖားကန့်၊ ကားမိုင်း၊ ရွှေကူ နဲ့ ဗန်းမော်မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ရှိခဲ့ပြီး ဗန်းမော် မြို့ နဲ့ ရွှေကူမြို့တွေမှာတော့ စိုးရိမ်ရေအမှတ်ထိ ရောက်ရှိခဲ့ပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...