ပုံးအင်းဒေသ PNO ထံ စစ်သင်တန်း လာမတက်ပါက လုံခြုံရေး ကြည့်ပေးမည်မဟုတ်

ပုံးအင်းဒေသ PNO ထံ စစ်သင်တန်း လာမတက်ပါက လုံခြုံရေး ကြည့်ပေးမည်မဟုတ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသနေထိုင်သည့် ပြည်သူများ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ခေါ်ယူသည့် စစ်သင်တန်းကို သွားတက်ရောက်ခြင်းမရှိပါက ကျေးရွာလုံခြုံရေးကို တာဝန်ယူသွားမည်မဟုတ်ကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။

အဆိုပါ PNO တပ်ဖွဲ့သည် ဇူလိုင် ၅ ရက်မှ စပြီး ကျေးရွာအုပ်စု တစ်ခုလျှင် လူ (၅) ဦး စစ်သင်တန်း (၁၅) ရက် သွားတက်ရောက်ရမည်ဟု သိရသည်။

လက်ရှိအချိန်ကာလသည် လယ်ယာစိုက်ပျိုးချိန်ဖြစ်သည့် အတွက်ကြောင့် စစ်သင်တန်းသွားတက်ရန် ခက်ခဲနေကြောင်း ဆိုင်လဲအုပ်စုမှ ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ သူတို့ ဒီလ ၅ ရက်နေ့စခေါ်တာတဲ့။ အခုက ကျနော်တို့ ရွာမှာက စိုက်ပျိုးချိန်ဖြစ်တယ်။ တကယ်လို့ စစ်သင်တန်းသွားတက်ရင် ရွာထဲမှာ လယ်စိုက်ပျိုးတဲ့သူမရှိတော့ဘူး။ တကယ်လို့ သူတို့စစ်သင်တန်းသွားမတက်ရင် ကျနော်တို့ ရွာထဲဘာဖြစ်ဖြစ် သူတို့က ဘာမှ တာဝန်မယူဘူးလို့ ပြောတယ်” ဟု ဆိုင်လဲဒေသခံ မှ အမျိုးသားတစ်ဦးက ပြောသည်။

ပုံးအင်းဒေသတွင် PNO စစ်ကောက်ယူမှုသတင်းကြောင့် လူငယ်အများစု ကျေးရွာမှ ထွက်ခွာသွားကြပြီး ကျန်နေသည့်ဒေသခံများက စစ်သင်တန်းတက်ရန် အတွက်အခက်ခဲဖြစ်နေကြောင်း သိရသည်။

အဆိုပါ စစ်သင်တန်းတက်ခိုင်းရခြင်းသည် ကျေးရွာတွင်း လုံခြုံရေးယူရန်အတွက်ဖြစ်ကြောင်း PNO အဖွဲ့ဝင် လုံးခမ်းက ပြောသည်။

“ဟုတ်တယ်။ ဟိုနေ့က သွားမတက်နိုင်ဘူးလို့ ကျေးရွာသားတွေက သွားတောင်းဆိုကြတယ်။ အခုက လယ်ယာစိုက်ပျိုးချိန်ဖြစ်တဲ့အတွက်ကြောင့် သွားမတက်နိုင်ကြဘူးလေ။ တကယ်လို့ သွားမတက်နိုင်ရင် သူတို့ ရွာလုံခြုံရေးမယူတော့ဘူးလို့ပြောတာတော့ ကျနော်မကြားဘူး။ မဖြစ်နိုင်ဘူးထင်တယ်” ဟု PNO အဖွဲ့ဝင် ကျေးရွာအုပ်ချုပ်ရေးမှူး လုံးခမ်းက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) သည် စစ်သားသစ်ကောက်ကာ စစ်သင်တန်း ပေးနေခြင်းသည် စစ်ကောင်စီအတွက်ဖြစ်ကြောင်း ဒေသခံများထံသိရသည်။ သို့သော် သျှမ်းသံတော်ဆင့် မှ အတည်မပြုနိုင်သေးပေ။

တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်တွင် PNO မှ ငွေ ၊ ဆန် နှင့် စစ်သင်တန်းတက်ရန် တပ်သားသစ်များကိုလည်း ယနေ့ချိန်ထိ ကောက်ယူနေလျက်ရှိကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...