ဖားကန့်အမတ်ဦးအောင်ဟိန်းမင်း၏ နေအိမ်ကို ချိပ်ပိတ်သည့်အပြင် အိမ်ကိုပါဖျက်ဆီး

ဖားကန့်အမတ်ဦးအောင်ဟိန်းမင်း၏ နေအိမ်ကို ချိပ်ပိတ်သည့်အပြင် အိမ်ကိုပါဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းရဲ့ နေအိမ်ကို စစ်ကောင်စီကနေ ချိပ်ပိတ်လိုက်တဲ့ အပြင် ဖျက်ဆီးခဲ့ပါတယ်။

အေးမြသာယာအုပ်စု ရှရောခကျေးရွာက ဦးအောင်ဟိန်းမင်းနေအိမ်ကို ဖျက်ဆီးပစ်လိုက်တဲ့အပေါ် ဦးအောင်ဟိန်းမင်းက အခုလို ပြောပါတယ်။

“ဒါကတော့ သူ့တို့အဆင့်အတန်းကို ပြနေတာပေါ့ဗျာ၊ ဒါက ကြည့်ရုံနဲ့တင်သိနိုင်ပါတယ်။ ဒါတော်တော် အောက်တန်းကျတဲ့ လုပ်ရပ်ဆိုတာ၊ လူမိုက်ဆန်ဆန်ရမ်းကားတဲ့ လုပ်ရပ်ပေါ့ဗျာ” လို့ ဦးအောင်ဟိန်းမင်းက ပြောပါတယ်။

စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့မနက် ၈ နာရီလောက်မှာ စစ်ကောင်စီအဖွဲ့က အင်အားအများအပြားနဲ့ ချိပ်ပိတ်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့မှာတော့ အိမ်ကို ထပ်မံဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတွေအနေနဲ့ သူတို့ချိပ်ပိတ်လိုက်တဲ့ နေအိမ်ကို အခုလိုထပ်မံဖျက်ဆီးလိုက်တာဖြစ်တဲ့အတွက် တာဝန်ယူပေးရမယ်လို့လည်း ဦးအောင်ဟိန်းမင်းက ဆိုပါတယ်။

အဲဒီလို လုပ်ရက်တွေဟာ ကိုယ်စားလှယ်ရဲ့စိတ်ထဲမှာရှိတဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

ဖားကန့်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အိမ်တွေထဲမှာ ပထမဆုံးအကြိမ်အနေနဲ့ ချိပ်ပိတ်ခံရတာလည်းဖြစ်တယ်လို့သိရပါတယ်။

ကချင်ပြည်နယ်အတွင်းက ပူတာအို၊ ဗန်းမော်၊ မိုးညှင်း စတဲ့ မြို့တွေက NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အိမ်တွေကိုလည်း လွန်ခဲ့တဲ့လတွေ ကတည်းက ချိပ်ပိတ်ထားပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...