တစ်ပတ်ခန့်ကြာ ပိတ်ထားသည့် ရခိုင်ရေကြောင်းခရီစဥ်များ မနက်ဖြန်ကစပြီး ပြေးဆွဲခွင့်ရမည်

တစ်ပတ်ခန့်ကြာ ပိတ်ထားသည့် ရခိုင်ရေကြောင်းခရီစဥ်များ မနက်ဖြန်ကစပြီး ပြေးဆွဲခွင့်ရမည်
ရွှေပြည်တန်အမြန်ရေယာဥ်
ရွှေပြည်တန်အမြန်ရေယာဥ်

စစ်တွေမြို့မှ မြို့နယ်အသီးသီးသို့ ပြေးဆွဲနေသော အမြန်ရေယာဥ်များကို လာမည့် ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ ယခင်ပုံမှန်အတိုင်း ပြေးဆွဲခွင့်ပြုလိုက်ပြီဟု ရွှေပြည်တန်အမြန်ရေယာဥ်မှ သိရသည်။

စစ်တွေမြို့တွင် ဇွန်လ ၂၃ ရက်နေ့က မြန်မာစစ်သားနှစ်ဦးဖမ်းဆီးခံရပြီးနောက် ဇွန်လ ၂၄ ရက်နေ့တွင် အမြန်ရေ ယာဥ်များကို စစ်ကောင်စီက ထွက်ခွာခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေး ခဲ့ရသကဲ့သို့ ခရီးသည်များမှာလည်း အခက်အခဲတွေ့ခဲ့ရသည်။

“ရေကြောင်းဦးစီးဌာနက ဒီနေ့ညနေဘက်မှာပဲ အသိပေးလာတယ်။ ဇူလိုင် ၂ ရက်နေ့က စပြီးတော့ ပြေးဆွဲလို့ရ တယ်လို့အကြောင်း ကြားလာပါတယ်။ အချိန်ကတော့ ပုံမှန်အတိုင်းပြေးဆွဲပေးသွားမယ်ပေါ့နော်။ ရေကြောင်းနဲ့ သွားတဲ့အခါမှာ ဆိပ်ကမ်းမှာလည်း အစိုးရဌာနဆိုင်ရာတချို့ စစ်ဆေးမယ်ပေါ့။ လူဦးရေစာရင်းတို့အဲဒီလိုမျိုးပါ။ အရင်တုန်းကလည်း တခါတလေ ရှိပါတယ်။ အများအားဖြင့်တော့ မစစ်ဆေးပါဘူး။ လေယာဉ်ဆိပ်တွေမှာ စစ်ဆေးသလို မျိုးစစ်ဆေးမှာပါ။ ဘာကြောင့်လည်း ဆိုတာတော့ အတိအကျမသိပါဘူး ” ဟု ရွှေပြည်တန်အမြန် ရေယာဥ်မှ မန်နေဂျာ ဦးစံမော်သိန်းက DMG သို့ပြောသည်။

ရေကြောင်းလိုင်းခရီးစဉ်များကိုသွားလာခွင့်ပိတ်ပင်ထားခဲ့သည့်အတွက် ရသေ့တောင်၊ ပေါက်တော၊ ဘူးသီး တောင် စသည့်မြို့နယ်တို့အပါအဝင်တခြားမြို့မှ ဒေသခံများမှာ သွားလာရေးအဆင်မပြေခြင်း၊ စီးပွားရေး အဆင်မပြေခြင်းတချို့ဖြစ်ခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

“အခုလို ရေကြောင်းလိုင်းတွေကို ပြန်ပြေးဆွဲပေးမယ် ကြားရတော့ ဝမ်းသာ ပါတယ်။ ဒေသခံတွေအတွက် အကုန်လုံးအဆင်ပြေသွားတယ်ပေါ့။ ဒါပေမဲ့ ဆိပ်ကမ်းမှာ အစိုးရဌာန ဆိုင်ရာ တွေက ဘယ်လို ပုံစံမျိုး စစ်ဆေးမလဲ ဆိုတာကိုတော့ ကျနော်တို့စိုးရိမ်မိပါတယ်။ အရင်တုန်းကတော့ တခါမှ ဒီလို မစစ်ဆေးဘူးဆိုတော့ ထူးဆန်းနေသလို ဖြစ်နေပါတယ် ” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် စစ်ရေးတင်းမာနေသောကြောင့် မြန်မာစစ်တပ်သည် လမ်းခရီး များတွင် သွားလာနေကြသည့် ဒေသခံများကို သတိကြီးစွာထားပြီး စစ်ဆေးမှုများရှိနေကာ မသင်္ကာလျှင် ဖမ်းဆီး မှုများရှိနေသည်။ယခုလအတွင်းတွင် မြန်မာစစ်တပ်က အရပ်သား ၄၀ ကျော်ကို ဖမ်းဆီးထားပြီးဖြစ်သည်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် စစ်တွေတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ကျော်ကို ရက္ခိုင့်တပ်တော် (AA)က ယခုလအတွင်းဖမ်းဆီးခဲ့သည်။ ထို့နောက် မြန်မာစစ်တပ်မှလည်း ဒေသခံတချို့အားဖမ်းဆီးခဲ့ပြီး ကုန်းလမ်း၊ ရေလမ်းတို့ကို စစ်ဆေးမှုများရှိနေခဲ့ခြင်းဖြစ်သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...