ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်း ဘုရင့်လေတပ် F-16 လေယာဉ်များ ကင်းလှည့်ပျံသန်း

ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်း ဘုရင့်လေတပ် F-16 လေယာဉ်များ ကင်းလှည့်ပျံသန်း

ဇွန်လ ၃၀ ရက် နံနက်ပိုင်းတွင် ထိုင်းနယ်စပ်ကို စစ်လေယာဉ်တစ်စီး ဖြတ်ကျော်လာကြောင်း သတင်းပေးပို့သည့် အတွက် ထိုင်းဘုရင့်လေတပ်မှ F-19 နှင့် F-16 လေယာဉ် နှစ်စီးနှင့် ကင်းလှည့် ပျံသန်းခဲ့ရသည်ဟု ထိုင်း ဘုရင့် လေတပ်မတော်က ထုတ်ပြန်ကြေညာသည်။

ထိုင်းဘုရင့် တပ်မတော် ပြောရေးဆိုခွင့်ရှိသူ လေတပ် ဗိုလ်ချုပ်ကြီး Prapas Sonjaidee က စစ်လေယာဉ်တစ်စီး ထိုင်းနိုင်ငံ လေပိုင်နက်အတွင်းသို့ နံနက် ၁၁း၁၆ နာရီတွင် နယ်စပ်ရှိ တိုင်းရင်းသား လူမျိုးစု တပ်ဖွဲ့များအား တိုက်ခိုက်ပြီး တာ့ခ် ခရိုင်၊ ဖုတ်ဖရမြို့နယ် အတွင်း ကျူးကျော်ဝင်ရောက်ပြီးနောက် ရေဒါမှ ပျောက်ကွယ်သွားခဲ့သည်ဟု ထုတ်ပြန်ကြေညာသည်။

အလားတူ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးကိုလည်း နယ်စပ်အနီး ရေမိုင် ၅ မိုင်ခန့်အကွာတွင် တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေရန် မြန်မာနိုင်ငံရှိ ထိုင်းသံရုံးမှ လေတပ် စစ်သံမှူးအနေဖြင့်  သက်ဆိုင်ရာ ပြည်ထောင်စု မြန်မာနိုင်ငံ ဌာနဆိုင်ရာများ အကြောင်းကြားပြီး နည်းလမ်းရှာဖွေ ခဲ့သည်ဟု ထိုင်းလေတပ်ကြေညာချက်တွင် ရေးသားထားသည်။

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏  ဥကရစ်ထ စခန်းကုန်းကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတပ်များက ရက်သတ္တပတ်နီးပါး တိုက်ခိုက်လျက်ရှိရာ မြန်မာ စစ်ကောင်စီက လေတပ်အင်အား အလုံးအရင်းဖြင့် ခုခံတိုက်ခိုက်လျက် ရှိသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...