ကျောက်တော်တွင် စစ်ဘေးရှောင်တစ်ချို့ အရေပြားရောဂါဖြစ်ပွားနေ

ကျောက်တော်တွင် စစ်ဘေးရှောင်တစ်ချို့ အရေပြားရောဂါဖြစ်ပွားနေ

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ကလေးငယ်များအပါအဝင်လူဦးရေ ၃၅ ဦးမှာ အရေပြားရောဂါဖြစ်နေကြောင်း အဆိုပါစခန်းမှသိရသည်။

အဆိုပါ အရေပြား‌ရောဂါဖြစ်ပွားနေသူများမှာ များသောအားဖြင့် ငါးနှစ်အောက်ကလေးငယ်များဖြစ်ကြပြီး အသက် ၃၀ ကျော် လူကြီးအချို့လည်းပါဝင်ကာ ပြီးခဲ့သည့် မေလက  စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး သက်သာသူ အနည်းငယ်ရှိကြောင်း စခန်းတာဝန်ခံ ကိုသန်းအေးက ပြောသည်။

" ဖြစ်တာကတော့ကြာနေပြီပေါ့။ လူကြီးပိုင်းက နှစ်ယောက်၊သုံးယောက်ပဲပါတယ်။ ကျန်တာကအကုန် ကလေး တွေပဲ။ ဒီထက်ပိုပြီး ကူးစက်ပျံ့ပွားတာမျိုးတော့မရှိသေးပါဘူး။ အနာသီးတွေက အရည်ယိုတာတွေရှိ တယ်။ တချို့လူတွေမှာတော့ အနာသီး ထိပ်ဖုလေးတွေမဲနေပြီ။သက်သာစပြုလာတယ်လို့ပြောလို့ရတာပေါ့ " ဟု ၎င်းကပြောသည်။

ထိုသို့ အနာသီးများပေါက်နေမှုကြောင့် ကလေးများမှာ ခန္ဓကိုယ်ယားယံကာ နေထိုင်မရဖြစ်နေခြင်း၊ အစားအစာ မစားနိုင်ခြင်းတို့ကြောင့် မြို့ပေါ်ဆေးရုံများသို့ သွားရောက်ဆေးကုသမှုခံယူသူများလည်းရှိကြောင်း အဆိုပါ စခန်းမှ ဒေါ်မြမြအေးက ပြောသည်။

“အနာသီးတွေက ယားပြီးကိုက်ခဲလို့နေမကောင်းဖြစ်ပြီးငိုကြတယ်။ တချို့ကလေးတွေကျတော့ အပူကြောင့် လည်ပင်းတွေနာပြီး နို့တောင်မစို့နိုင်ကြဘူး။ ကျန်းမာရေးဌာနကဆေးခန်း လာထိုင်တဲ့အခါပြလို့ မသက်သာတဲ့သူ တွေကိုဆိုရင်  မြို့ကိုသွားပြီးပြခိုင်းရတာတွေလဲရှိတယ် " ဟု၄င်းကဆိုသည်။

လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်စခန်းသို့ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ သူနာပြုနှစ်ဦးက တပတ်လျှင် ၃ရက်ခန့်ပုံမှန်ဆေးခန်းလာထိုင်ပေးကာ ကုသပေးလျှက်ရှိကြောင်းလည်းသိရသည်။

" အခုဖြစ်နေတဲ့လူ ၃၅ယောက်ထဲမှာ တချို့ကလေးတစ်ယောက်၊နှစ်ယောက်လောက်က ရေကျောက်ဖြစ်နေတာ။ ကျန်တဲ့သူတွေက အပူနဲ့အအေးနဲ့မမျှတဲ့အတွက် သာမန်အရေပြားရောဂါ ယားနာလိုမျိုး အနာသီးတွေ ပေါက်နေကြတာဖြစ်တယ်။ ကျမတို့ဆေးခန်းသွားထိုင်တဲ့နေ့တွေဆိုရင်လည်း အစုလိုက်၊ အပြုံလိုက်ကြီး လာပြကြတာတော့မရှိဘူး။ တယောက်တလေလောက်ပဲ လာပြကြတာရှိတယ်။ တချို့ကတော့သက်သာနေ ကြပါပြီ" ဟု ဆေးလာကုနေသည့် သူနာပြုဆရာမတစ်ဦးက ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းသည် မဟာမုနိဘုရားနှင့် နှစ်မိုင်ခန့်ဝေးသည့် ညောင်ချောင်းကျေးရွာ၌ရှိပြီး လူဦးရေ ၃၀၀၀ ကျော်နေထိုင်နေသည့် စစ်ဘေးရှောင်စခန်းတခုဖြစ်သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...