ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မီးပွိုင့်လမ်းဆုံတွင် ကင်းစောင့်နေသော ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရမှုတွင် စစ်ကောင်စီတပ်မှ ပြည်သူ ၆ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများမှ သိရသည်။

ဇွန်လ ၂‌၉ ရက်နေ့ ညနေပိုင်း ၄နာရီဝန်းကျင်ချိန် သာစည် မီးပွိုင့်လမ်းဆုံတွင် ကင်းစောင့်နေသည့် ရဲသား ၂ ဦးကို အမည်မသိ လူငယ် ၂ ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်၍ သေနတ်ပစ်ခတ်သွားသောကြောင့် စစ်ကောင်စီတပ်သည် ထို အနီးပတ်ဝန်းကျင်တွင်ရှိနေသော ပြည်သူ ၆ ဦးအား ဖမ်းဆီးသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဗန်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

“ပစ်ခတ်သွားတာ ၄ နာရီကျော်မှာပါ။ ပစ်ခံရတဲ့ ရဲကတွေကမသေပါဘူး။ အဲ့ဒီ ပစ်ခံရတဲ့နေရာက ၂ မိုင် မိတ်ဆက်တည်းခိုခန်းရှေ့ မီးပွိုင့်လမ်းဆုံမှာပါ။ ဖမ်းခံရတာက ၆ယောက်ပါသွားတယ်လို့ ပြောတယ်။ တက်တူးဆိုင်ထဲ လူငယ်တွေရှိနေလို့ ၀င်ဖမ်းတာ။ အခင်းဖြစ်‌တဲ့နေရာနဲ့ မနီးမဝေးမှာပေါ့ အဲ့လူငယ်တွေရော ဆိုင်ရှင်ရော ဖမ်းသွားပါတယ်”ဟုပြောဆိုသည်။

ဖမ်းဆီးခံရသော ဒေသခံပြည်သူ ၆ ဦးကို ဗန်းမော်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် ပြည်သူ ၆ဦးကို ဖမ်းဆီးသွားသည့် တက်တူးဆိုင်သို့ ရဲအုပ် ကျော်ကိုကိုသန့် ဦးဆောင်သောအဖွဲ့ တက်တူးဆိုင်အတွင်းရှိ တံခါးများရိုက်ဖွင့်ကာ တန်ဖိုးရှိပစ္စည်းများနှင့် ကွန်ပျုတာများ သိမ်းယူသွားကြောင်းလည်း ဆက်သိရသည်။

ဗန်းမော်မြို့ပေါ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမူ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ဖမ်းဆီးခံရသည့်ပြည်သူ ၂၀ ဦးထက်မနည်းရှိပြီဖြစ်သည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...