ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မီးပွိုင့်လမ်းဆုံတွင် ကင်းစောင့်နေသော ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရမှုတွင် စစ်ကောင်စီတပ်မှ ပြည်သူ ၆ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများမှ သိရသည်။

ဇွန်လ ၂‌၉ ရက်နေ့ ညနေပိုင်း ၄နာရီဝန်းကျင်ချိန် သာစည် မီးပွိုင့်လမ်းဆုံတွင် ကင်းစောင့်နေသည့် ရဲသား ၂ ဦးကို အမည်မသိ လူငယ် ၂ ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်၍ သေနတ်ပစ်ခတ်သွားသောကြောင့် စစ်ကောင်စီတပ်သည် ထို အနီးပတ်ဝန်းကျင်တွင်ရှိနေသော ပြည်သူ ၆ ဦးအား ဖမ်းဆီးသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဗန်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

“ပစ်ခတ်သွားတာ ၄ နာရီကျော်မှာပါ။ ပစ်ခံရတဲ့ ရဲကတွေကမသေပါဘူး။ အဲ့ဒီ ပစ်ခံရတဲ့နေရာက ၂ မိုင် မိတ်ဆက်တည်းခိုခန်းရှေ့ မီးပွိုင့်လမ်းဆုံမှာပါ။ ဖမ်းခံရတာက ၆ယောက်ပါသွားတယ်လို့ ပြောတယ်။ တက်တူးဆိုင်ထဲ လူငယ်တွေရှိနေလို့ ၀င်ဖမ်းတာ။ အခင်းဖြစ်‌တဲ့နေရာနဲ့ မနီးမဝေးမှာပေါ့ အဲ့လူငယ်တွေရော ဆိုင်ရှင်ရော ဖမ်းသွားပါတယ်”ဟုပြောဆိုသည်။

ဖမ်းဆီးခံရသော ဒေသခံပြည်သူ ၆ ဦးကို ဗန်းမော်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် ပြည်သူ ၆ဦးကို ဖမ်းဆီးသွားသည့် တက်တူးဆိုင်သို့ ရဲအုပ် ကျော်ကိုကိုသန့် ဦးဆောင်သောအဖွဲ့ တက်တူးဆိုင်အတွင်းရှိ တံခါးများရိုက်ဖွင့်ကာ တန်ဖိုးရှိပစ္စည်းများနှင့် ကွန်ပျုတာများ သိမ်းယူသွားကြောင်းလည်း ဆက်သိရသည်။

ဗန်းမော်မြို့ပေါ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမူ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ဖမ်းဆီးခံရသည့်ပြည်သူ ၂၀ ဦးထက်မနည်းရှိပြီဖြစ်သည်။

July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...
July 20, 2026
ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့...
July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...
July 17, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်...