ပင်းတယ လယ်ပြင်ရွာ စကစ မှ ရမ်းသမ်းပစ် အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရ

ပင်းတယ လယ်ပြင်ရွာ စကစ မှ ရမ်းသမ်းပစ် အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ လယ်ပြင်ရွာတွင် ဇွန် ၂၉ ရက် မနက်ပိုင်း (၁၀) နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး၊ ထိုထဲတွင် အမျိုးသား (၂) ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရှိရသည်။

ပင်းတယမြို့ လယ်ပြင်ရွာတွင် စစ်ကောင်စီ မှ အကြောင်းမရှိ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား (၄) ဦး ဒဏ်ရာရရှိကာ ထိုထဲမှ အသက်ကြီးသည့် အမျိုးသား (၁) ဦးသည် ဦးခေါင်းဒဏ်ရာရရှိပြီး၊ လူငယ်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ် ပို့ဆောင်နေရကြောင်း သိရှိရသည်။

စစ်ကောင်စီမှ တစ်ဖက်သတ် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ၎င်းအနီးရှိ စာသင်ကျောင်းများလည်း ပိတ်လိုက်ရကြောင်း၊ ပြည်သူများလည်း စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ဒီမြို့အဝင်က လယ်ပြင်ရွာမှာ ရမ်းသမ်းပစ်ခတ်တာ၊ သူတို့ ဘာကိုခြောက်လန့်ပြီး ပစ်လိုက်တာလည်းတော့ မသိဘူး၊ အဲ့နားရှိတဲ့ စာသင်တဲ့ ကလေးတွေလည်း လန့်ပြီး ကျောင်းတွေပိတ်လိုက်ရတယ်“ ဟု လယ်ပြင်ကျေးရွာမှ ဒေသခံ အမျိုးသားက ပြောသည်။

စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်ပြီးနောက် ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်လာပြီး ပြန်လည်ပစ်လိုက်သည့်အတွက် စစ်ကောင်စီတပ်သားဘက်မှ (၁) ဦး သေဆုံး၊(၁) ဦး ဒဏ်ရာ ပြင်းထန်ကာ အောင်ပန်းဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

ထို့ပြင် ပင်းတယ – ရွာငံ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) တပ်ဖွဲ့မှ ထိုတောင်ပေါ်ကြီးလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော စစ်ကောင်စီ ယာဉ်တန်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ အလျင်သင့်သလို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  ဇွန် (၂၉) ရက်တွင် အရေးပေါ်ကြေညာထားကြောင်း သတင်းသိရသည်။

စစ်ကောင်စီတပ်သားတို့သည် ရွာငံမြို့နယ်အတွင်း PDF များ လှုပ်ရှားနေသည်ဟု ထင်မြင်ယူဆသည့် နေရာများကို အင်အားဖြန့်ကျက်ထားခြင်း၊ ကင်းပုန်းချထားခြင်း နှင့် ဒလန်သတင်းပေးမှုကြောင့် ရွာသားများကို သံသယမှု နှင့် ဖမ်းဆီးရိုက်နက် သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်းသိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...