မိုးဗြဲမြို့ ဝါရီဆူးပလိုင်းကျေးရွာကို စစ်နယ်မြေအဖြစ် PDF သတ်မှတ်

မိုးဗြဲမြို့ ဝါရီဆူးပလိုင်းကျေးရွာကို စစ်နယ်မြေအဖြစ် PDF သတ်မှတ်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ဝါရီဆူးပလိုင်းကျေးရွာထဲတွင် စစ်ကောင်စီမှ တပ်စွဲထားသောကြောင့် မိုးဗြဲ PDF မှ စစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း အသိပေး ကြေညာလိုက်သည်။

ထိုဝါရီဆူးပလိုင်းကျေးရွာကို  ဇွန် ၂၈ ရက်မှစပြီး စစ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည့်အတွက် ပြည်သူများအနေဖြင့်လည်း ထိုကျေးရွာအတွင်း ဖြတ်မသွားရန် PDF များက သတိပေးထားကြောင်း သိရသည်။

“ဟုတ်တယ်။ အဲ့နေရာကို မနေ့ကမှ စစ်နယ်မြေအဖြစ်သတ်မှတ်လိုက်တာ။ PDF တပ်ဖွဲ့ကနေပြီးတော့ပဲ သတ်မှတ်လိုက်တာပါ။ ပြီးတော့ အဲ့နားမှာ စစ်ကောင်စီတွေ တပ်စွဲထားတယ်လို့ပြောတယ်”ဟု မိုးဗြဲမြို့ ဒေသခံ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဒေသသည် စစ်ကောင်စီ တပ်စွဲထားသည့်အတွက် ပြည်သူများ နေရပ်ပြန်ပြီး လယ်ယာစိုက်ပျိုးရေး မလုပ်နိုင်ကြောင်း သိရသည်။

“သူတို့က အဲ့နားမှာ တပ်စွဲပြီး နေနေတာကြာနေပြီ။ ပြည်သူတွေလည်း မပြန်ရဲဘူး။ အဲ့နားဒေသက လယ်ယာဆန်စပါးတွေ အများဆုံးစိုက်တဲ့ ဒေသဖြစ်တယ်။ အခုက ဘယ်သူမှ လယ်ယာတွေ မစိုက်နိုင်တော့ဘူး” ဟု ၎င်း လူငယ်က ပြောသည်။

ဝါရီဆူးပလိုင်းကျေးရွာထဲကို ပြည်သူများအနေဖြင့် ဖြတ်မသွားရန်နှင့် အကယ်၍ ဖြတ်သွားပါက မိမိလုံခြုံရေးအတွက်ကိုလည်း တာဝန်ယူသွားမည်မဟုတ်ကြောင်း မိုးဗြဲ PDF က ထုတ်ပြန်ထားသည်။

လက်ရှိ စစ်ကောင်စီသည် ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့အတွင်းရှိ ကျေးရွာများထဲတွင် တပ်စွဲထားပြီး နေထိုင်ထားကြောင်း သိရသည်။

Most read this week

April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...
April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...