မြန်မာ – ထိုင်း နှစ်နိုင်ငံ က သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်တွေ တောင်ကြီးမြို့မှာ တွေ့ဆုံဆွေးနွေ

မြန်မာ – ထိုင်း နှစ်နိုင်ငံ က သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်တွေ တောင်ကြီးမြို့မှာ တွေ့ဆုံဆွေးနွေ

မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးအကြား (၃၄) ကြိမ်မြောက် ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (RBC) ကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအစည်းအဝေးမှာ ထိုင်းနိုင်ငံဘက်က အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး အဖီချိတ်ဆုဆတ် အဖွဲ့နဲ့ မြန်မာဘက်က အဖွဲ့ခေါင်းဆောင် စစ်ကောင်စီ၏ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး တို့အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဆွေးနွေးပွဲမှာ ဇွန် (၂၇ – ၂၉ ) ၃ ရက်သာ ဆွေးနွေးပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ နယ်စပ်ဒေသလုံခြုံရေး နဲ့ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခြင်း၊ ထိုင်းဘက် တရားမဝင် ဝင်ရောက်လာတဲ့သူတွေကို ဖမ်းဆီးအရေးယူတာတွေ ဆွေးနွေးခြင်း၊ တရားမဝင် လက်နက်ခဲယမ်းတွေ သယ်ယူမှု ကိစ္စရပ်တွေ၊ မူးယစ်ဆေးဝါး ကိစ္စရပ်တွေ စတာတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံ သတင်းစဥ်မှ သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ မြန်မာ – ထိုင်းနယ်စပ် တာချီလိတ် မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် (၁) တံတား ဖွင့်လှစ်ရေး နဲ့ ပတ်သက်ပြီး ဆွေးနွေးခြင်း ရှိမရှိကိုတော့ မသိရှိရပေ။

တာချီလိတ် – မယ်ဆိုင် တံတားဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံဘက်က ထိုင်းအာဏာပိုင်တွေကို ဘတ်သန်း (၅၀) တောင်းခဲ့တယ်လို့ သိရပါတယ်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...