အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် ကုန်ကျခံတည်ဆောက်နေသည့် ကျောက်ဖြူ ဓာတ်အားပေးစက်ရုံစီမံကိန်း လာမည့်နှစ်တွင် ပြီးစီးမည်ဟုဆို

အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် ကုန်ကျခံတည်ဆောက်နေသည့် ကျောက်ဖြူ ဓာတ်အားပေးစက်ရုံစီမံကိန်း လာမည့်နှစ်တွင် ပြီးစီးမည်ဟုဆို

ကျောက်ဖြူမြို့၊ ကံကော်တောဘုရားအနီးတွင် တရုတ်ကုမ္ပဏီ Power China ပါဝင် တည်ဆောက်နေသော ဒေါ်လာသန်း ၁၅၀ ခန့် ကုန်ကျမည့် ဓာတ်အားပေးစက်ရုံသည် လာမည့် ၂၀၂၃ ခုနှစ် မေလတွင် ပြီးစီးမည်ဟု သတင်းရရှိသည်။

၎င်းစက်ရုံမှာ စစ်ဓာတ်အား ၁၃၅ မဂ္ဂါဝပ်ထွက်ရှိမည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံဖြစ်ပြီး ပြည်တွင်းမှာ ပထမဦးဆုံးအသုံးပြုမည့်  ဂျာမနီထုတ် စွမ်းအားမြင့် ဓာတ်ငွေ့သုံးစွဲမှု အသက်သာဆုံး SGT-800 ဓာတ်ငွေ့တာဘိုင်အနည်းငယ်ဖြင့် လည်ပတ်နိုင်ရန် ဆောင်ရွက်နေသည်ဟု  BETV Business သတင်းတွင် ဖော်ပြသည်။  

၂၀၂၀ ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့သည့် ၎င်းစက်ရုံမှာ လက်ရှိတွင် စီမံကိန်းက စီမံကိန် ၈၁ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကာ  လာမည့်နှစ်  ၂၀၂၃ မေလတွင်  ပြီးစီးမည်ဟု ကျောက်ဖြူခရိုင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းက မီဒီယာများကို ပြောဆိုထားသည်။

IPP/BOT စနစ်ဖြင့်  တည်ဆောက်နေသည့် ကျောက်ဖြူဓာတ်အားပေးစက်ရုံကို ရွှေဓာတ်ငွေ့တွင်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြုကာ ဓာတ်အားထုတ်လုပ်မည် ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) အတွက် အရေးပါသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်ဟုဆိုသည်။

၎င်းစီမံကိန်းကို တရုတ်ကုမ္ပဏီ Power China Resource (SINOHYDRO) နှင့် မြန်မာနိုင်ငံသားပိုင် Supreme Group တို့ ပါဝင်သည့်  ကျောက်ဖြူလျှပ်စစ်စွမ်းအားကုမ္ပဏီက အကောင်အထည် ဖော်နေခြင်းဖြစ်ဖြစ်ပြီး  ၂၀၁၉ နှစ်ကုန်ပိုင်းကတည်းက လျှပ်စစ်ဓာတ်အား ဝယ်ယူရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းရဲ့ ဒီဇိုင်းအရ တစ်နှစ် ထုတ်လုပ်နိုင်မှုက ယူနစ် ၁,၀၀၅ သန်းဖြစ်ပြီး လျှပ်စစ် ဓာတ်အား (၁)ယူနစ်ကို ၈.၅၉ ဆင့်နှုန်းဖြင့် ဖြန့်ချိနိုင်မည်ဖြစ်ကြောင်း  ဆပ်စပ်သတင်းများအရ သိရှိရကြောင်း BETV Business က ဖော်ပြသည်။

စီမံကိန်းစတင်ချိန်က (ခန့်မှန်း) ကန်ဒေါ်လာသန်း ၁၅၀ အသုံးပြုဖို့ စီစဉ်ခဲ့ကြပြီး စီမံကိန်း ပြီးစီးပါက ရခိုင်ပြည်နယ်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အပြင် နိုင်ငံတော်ဓာတ်အားစနစ်ထဲလည်း ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  MOEE ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...