တောင်ကြီးမြို့ ဗုံးပေါက်ကွဲပြီးနောက် မှတ်ပုံတင်မပါလျှင် မြို့ထဲဝင်ခွင့်မပေး

တောင်ကြီးမြို့ ဗုံးပေါက်ကွဲပြီးနောက် မှတ်ပုံတင်မပါလျှင် မြို့ထဲဝင်ခွင့်မပေး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မြို့မဈေး မီးပွိုင့်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများအပါအဝင် ခရီးသွားပြည်သူများ မှတ်ပုံတင်မပါရှိလျှင် မြို့ထဲသို့ ဝင်ခွင့်မပေးကြောင်း၊ တင်းကြပ်စွာ စစ်ဆေးမှု ပြုလုပ်နေသည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့အဝင်၊အထွက် စစ်ဆေးမှု တင်းကြပ်ခဲ့ပြီး၊ မှတ်ပုံတင်မပါရှိပါက တောင်ကြီးမြို့တွင်းသို့ ဝင်ခွင့်မပေးကြောင်း တောင်ကြီးမြို့ ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“အေးသာယာဘက်ကနေ တောင်ကြီးတက်လာတဲ့လူဆို မှတ်ပုံတင်စစ်တယ်။ မှတ်ပုံတင်မပါရင် မြို့ထဲပေးမဝင်ဘူး။ဘယ်ကနေလာလည်း တောင်ကြီးကို ဘာလာလုပ်တာလည်း မေးတယ်။ တောင်ကြီးကပဲဆိုရင် ဘယ်ရပ်ကွက်ကနေလည်း ဘယ်ကပြန်လာတာလည်း မေးတယ်။ ဆိုင်ကယ်တွေဆို အကုန်လုံး ဖွင့်ပြီး စစ်ဆေးတယ်” ဟု တောင်ကြီး ဒေသခံလူငယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် (၂၄) ရက်နေ့က မြို့မစျေး မီးပွိုင့်အနီး ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲ (၂) ဦး သေဆုံးပြီး၊ ယာဥ်ထိန်းရဲ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကြီးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (SYM UGPDF) မှ ဇွန် (၂၆) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုကြောင့် (SYM UGPDF) အဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ လုပ်ငန်းများကိုလည်း အချိန်မရွေး တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ အနေနှင့် ၎င်းတို့ နှင့်မပတ်သက်မိ စေရန်၊ ၎င်းတို့၏ အနီးအနားတွင် မနေကြရန် တိုက်တွန်း ထားပါသည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီတို့သည် လွိုင်ကော်မြို့မှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်လေယာဥ်များနှင့်ပါ တိုက်ခိုက်နှိမ်နင်းနေသည့်အတွက် တောင်ကြီးမှ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း စစ်ကောင်စီကို တတ်နိုင်သည့်ဘက်မှ တိုက်ခိုက်သွားမည်ဟု သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...