ပြန်ပေးသမားလက်မှ လွတ်မြောက်လာသည့် ပညာရေးဝန်ထမ်းနှစ်ဦး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များခေါ်ယူသွား၊ မြန်မာစစ်ကောင်စီထံ တရားဝင်လွှဲပြောင်းဖွယ်ရှိ

ပြန်ပေးသမားလက်မှ လွတ်မြောက်လာသည့် ပညာရေးဝန်ထမ်းနှစ်ဦး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များခေါ်ယူသွား၊ မြန်မာစစ်ကောင်စီထံ တရားဝင်လွှဲပြောင်းဖွယ်ရှိ

ပြန်ပေးဆွဲခံထားရာမှ လွတ်မြောက်လာသည့် မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်းနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက စုံစမ်းစစ်ဆေးရန်ခေါ်ယူသွားပြီး မကြာမီတွင် နှစ်နိုင်ငံချစ်ကြည်ရေးအရ မြန်မာစစ်ကောင်စီ ထံ ပြန်လည်လွှဲပြောင်းဖွယ်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာ မူလတန်းလွန်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ် ဆရာကြီး ဦးဘိုဝင်းနှင့်လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ကို ဇွန်လ ၂၃ ရက်နေ့ ၊နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊နတ်မြစ်ကမ်းခြေရှိ ခြံချောင်း(ရခိုင်)ကျေးရွာတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ကျောင်းအုပ်ဆရာ ကြီး၏ညီ ကိုအောင်သန့်က ပြောသည်။

“စစ်ဆေးဖို့ဆိုတာထက် ကျနော်သိသလောက် ကြားသလောက်ကတော့ ဒီဟာက အစိုးရဝန်ထမ်းလည်း ဖြစ် တယ်။သူတို့နိုင်ငံဘက်မှာလည်း ဖြစ်တယ်ဆိုတောာ့ ဒီတိုင်းလွှဲပေးလိုက်လို့မရနိုင်တဲ့အခြေအနေမို့လို့ပါ။ နှစ်နိုင်ငံလွှဲပြောင်းမှုပုံစံတော့ လုပ်မယ်လို့ကြားပါတယ်”ဟုသူကပြောသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးဝန်ထမ်းများသည် အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးကို ခေါ်ဆောင်ရန်လာရောက် သည့်  မောင်တောမြို့နယ်၊အောက်ပြူးမကျေးရွာမှ ဒေသခံတစ်ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးလိုက် သည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ ဆရာမနှစ်ဦးသည်  ဇွန်လ ၁၆ ရက်နေ့က သင်္ဘောလှကျေးရွာမှတစ်ဆင့် မောင်တောမြို့နယ်ပညာ ရေးမှူးရုံးသို့ အလုပ်ကိစ္စဖြင့် သွားရောက်စဥ် ရွာနှင့် (၇)မိုင်ခန့်ဝေးကွာသည့် ကျောက်ချောင်းရွာအနီးတွင် လူတစ် စု၏ ပြန်ပေးဆွဲခြင်းခံရခြင်းဖြစ်သည်။

၄င်းတို့နှစ်ဦးကို လိုချင်လျှင် မြန်မာငွေ ကျပ်သိန်းတစ်ထောင်နှင့်ညီမျှသော ဘင်္ဂလားဒေ့ရှ်တာကာငွေ သိန်း(၅၀) ဖြင့်ပြန်ရွေးရန် ပြန်ပေးသမားများက မြို့ နယ်ပညာရေးဌာနနှင့်မိသားစုဝင်များသို့ ကမ်းလှမ်းလာသည်။ ထို့ကြောင့် မိသားစုဝင်များနှင့်ပညာရေးဌာနက ပြန်ပေးသမားများ တောင်းဆိုလာသည့် ငွေပမာဏကို ၄င်းတို့ ကို လွှဲပေးလိုက်သဖြင့် အဆိုပါ ဝန်ထမ်းနှစ်ဦး လွတ်မြောက်လာခြင်းဖြစ်သည်။

အဆိုပါပညာရေးဝန်ထမ်းနှစ်ဦးကို ARSA အဖွဲ့က ပြန်ပေးဆွဲသွားခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသော်လည်း ၄င်းတို့လက်ချက်မဟုတ်ဟု ARSA အဖွဲ့က ငြင်းဆိုထားသည်။

ထို့ကြောင့် ပညာရေးဝန်ထမ်းနှစ်ဦးကို  မည်သည့်အဖွဲ့အစည်းက ပြန်ပေးဆွဲသည်ကို လက်ရှိအချိန်ထိ မသိရှိ ရသေးပေ။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...