PNO မှ ပစ်ခတ်လိုက်သည့် ဆိုက်ခေါင်အမျိုးသမီး သေဆုံးသွား

PNO မှ ပစ်ခတ်လိုက်သည့် ဆိုက်ခေါင်အမျိုးသမီး သေဆုံးသွား

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ ပအိုဝ်းပြည်သူ့စစ် (PNO) က ပစ်ခတ်လိုက်သည့် အသက် (၂၂) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ဇွန် (၁၄) ရက်တွင် ဆိုက်ခေါင်စံပြကျေးရွာ သီရိရပ်ကွက်နေ နန်းခမ်းအွမ် ကို ပအိုဝ်းပြည်သူ့စစ် (PNO) က ပစ်ခတ်လိုက်ပြီးနောက် စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူပြီး ဇွန် (၂၁) ရက် မနက်ပိုင်းတွင် သေဆုံးသွားကြောင်း ဆိုက်ခေါင်ဒေသခံ လူငယ်တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျည်ထိပြီးသေဆုံသွားသည့် အမျိုးသမီးသည် ဇွန်(၁၄) ရက်၌ အမျိုးသားလူငယ်အချင်းချင်း ရန်ဖြစ်ပြီး ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့မှ သေနတ်ဖောက်လိုက်သဖြင့် ကျည်ထိမှန်ခဲ့သူဖြစ်သည်။

“စဝ်စံထွန်းမှာ ကုသတုန်းကလည်း သူကမေ့လဲနေပြီး အသက်ရှင်ဖို့လည်း ရာခိုင်နှုန်းနည်းတယ်။ ပြီးတော့ ဒီနေ့မနက်ပိုင်းတုန်းက စဝ်စံထွန်းဆေးရုံမှာ အသက်ဆုံးရှုံးသွားတာ၊ သူအမေ့ကတော့ အရမ်းဝမ်းနည်းနေတယ်“ ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ကျည်ထိမှန်ခဲ့သည့် နန်းခမ်းအွမ်သည် နဖူးကိုကျည်ထိမှန်ခဲ့ပြီး အရပ်သားနေအိမ် တစ်အိမ် လည်း ကျည်တစ်ချက် ထိမှန်ကာ ဆွေမျိုးများ ရပ်ကွက်သူ၊သား များက ပြည်သူ့စစ် (PNO) ကိုပြင်းပြင်းထန်ထန် အရေးယူပေးရန် ဇွန်လ ၁၅ ရက်နေ့က စာတစ်စောင် ထုတ်ပြီး တောင်းဆိုခဲ့သည်။

သို့သော် လက်ရှိအချိန်ထိ သေနတ်ပစ်ဖောက်သည့် PNO တပ်သားကို သက်ဆိုင်ရာဌာနမှ တာဝန်ဖြေရှင်းပေးမှု မရှိသေးကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) သည် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်အထိ တစ်အိမ်ကို ငွေ ၃ သောင်း နှင့် ဆန် ၃ ပြည်တောင်းသည့် အပြင် စစ်သားများကို ကောက်ယူနေလျက်ရှိကြောင်း သိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...