ကျောက်တော်မှ တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းကို မြန်မာစစ်တပ်ဖမ်းဆီး

ကျောက်တော်မှ တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းကို မြန်မာစစ်တပ်ဖမ်းဆီး
မြန်မာစစ်တပ်၏ ဖမ်းဆီးမှုကို ခံလိုက်ရသည့် ကျောက်တော်ဒေသခံ ကိုဇော်ဝင်း။ (ဓာတ်ပုံ - Zaw Worn)
မြန်မာစစ်တပ်၏ ဖမ်းဆီးမှုကို ခံလိုက်ရသည့် ကျောက်တော်ဒေသခံ ကိုဇော်ဝင်း။ (ဓာတ်ပုံ - Zaw Worn)

ရခိုင်ပြည်၏ နိုင်ငံရေး၊ လူမှုရေးကိစ္စများတွင် တက်တက်ကြွကြွပူးပေါင်းပါဝင် လုပ်ဆောင်လေ့ရှိသော ကျောက်တော်မြို့ဒေသခံ ကိုဇော်ဝင်း (ခေါ်) လူထုဇော်ဝင်းကို မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဇွန်လ ၂၁ ရက်၊ နံနက် ၁၀ နာရီကျော် ဝန်းကျင်ခန့်က ဖမ်းဆီးသွားကြောင်း သိရသည်။

အသက် (၄၂ )အရွယ် ကိုဇော်ဝင်းကို ပြည်တော်သာရပ်ကွက်ရှိ ၎င်းနေအိမ်တွင် ထမင်းစားနေစဉ် ဖမ်းဆီးသွား ခြင်းဖြစ်သည်ဟု ကျောက်တော်ဒေသခံတစ်ဦးက DMG ကိုပြောသည်။

 “ ဖမ်းသွားတာတော့မှန်ပါတယ်။ အိမ်မှာမိသားစုတွေနဲ့အတူထမင်းနေတဲ့အချိန် သူရဲ့အိမ်ကို စစ်သားတွေဝိုင်းပြီး ဝင်ဖမ်းသွားတာပါ။ ဘာကြောင့်ဖမ်းတာလဲတော့ မသိသေးဘူး။ မြို့ထဲအခြေနေကမကောင်းတော့ သတင်းအသေးစိတ်တွေကို သိရဖို့က အရမ်းကိုခက်ခဲနေပါတယ် ” ဟု ၎င်းကဆိုသည်။

ကိုဇော်ဝင်းသည် စစ်ဘေးရှောင်အရေးနှင့်ပတ်သက်ပြီးလည်း ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတသမားတစ် ဦးလည်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။ လက်ရှိတွင် ၎င်းကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မသိရသေးဟုလည်းဆိုသည်။

ကျောက်တော်မြို့မရဲစခန်းမှ ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦးကို ဇွန်လ ၂၀ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြန်မာစစ်တပ်က နေအိမ်များကို ဝင်ရောက်စစ်ဆေးခြင်းနှင့်ယခုကဲ့သို့ တက် ကြွလှုပ်ရှားသူ တစ်ဦးကို ဖမ်းဆီးခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်နေ့၊ညဉ့် ၁၂ နာရီအချိန်မှာလည်း ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးဟောင်း ဦးကျော်မောင် (ခေါ်) ဦးညွှန့်မောင်၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူးဟောင်းမှာ ထွက်ပြေးတိမ်းရှောင် နေသောကြောင့် ရှာမတွေ့ခဲ့ပေ။

 “ မနေ့ညက ညဉ့် ၁၂ နာရီလောက်မှာ ပြည်တော်သာရပ်ကွက်က အုပ်ချုပ်ရေးမှူးဟောင်းရဲ့ အိမ်ကိုလာပြီး တံခါးတွေကို သေနတ်ဒင်တွေနဲ့ ရိုက်ဝင်ပြီး ဝင်မွှေရှာသွားတာရှိတယ်။ သူ့မိန်းမကိုလည်း သေတ္တာတွေ ဖွင့်ခိုင်းတယ်။ နင့်ယောကျာ်းဘယ်မှာလဲ အခုဖုန်းဆက် ဆိုပြီးခိုင်းတယ်တဲ့။ သူ့ဇနီးကတော့ ဖုန်းပျောက်သွားတာကြာပြီ၊ ဖုန်းမရှိဘူးလို့ပြောလိုက်တယ်လို့သိရတယ်။ ကျနော်တို့ကလည်း သူတို့ဝင်ရောက်ရှာနိုင်တဲ့အခြေနေကို ကြိုသတင်း ကြားထားလို့ မနေ့ကတည်းက ထွက်ပြေးတိမ်းရှောင် နေရပါတယ်။ ဒါကြောင့် မြို့ထဲမှာ ဖြစ်ပျက်နေတာတွေကို သတင်းပဲကြားရတယ်။ အသေးစိတ်တော့ဘာမှမသိရ ဘူး’’ ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ယနေ့တွင် မြန်မာစစ်တပ်သည်  ကျောက်တော်စိုက်ပျိုးရေး သိပ္ပံကျောင်းရှေ့ ယာဉ်ထိန်းရဲဂိတ်၊ မဟာကံကြီးရှင် ဘုရားအနီးအနား၊ မီးရထားဘူတာအနီးအနားနှင့် မြို့ထဲမှနေရာအချို့တို့တွင် နေရာယူထားကာ လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်များ၊ ကားများအား စစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်းလည်း ဒေသခံများထံက သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်မှပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...