ပုဏ္ဏားကျွန်းမြို့တွင် ဖမ်းဆီးခံထားရသူ ကျောင်းသားနှစ်ဦး အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုများတောင်းဆို

ပုဏ္ဏားကျွန်းမြို့တွင် ဖမ်းဆီးခံထားရသူ ကျောင်းသားနှစ်ဦး အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုများတောင်းဆို

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဖမ်းဆီးခံထားရသူ အရပ်သားများ အထဲတွင် အလယ်တန်း ကျောင်းသားနှစ်ဦး ပါဝင်ခဲ့ပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လွတ်ပေးရန်လည်း မိသားစုများတောင်းဆိုလိုက်သည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ခုနှစ်တန်းကျောင်းသားမှာ မင်းအောင်ခိုင်(၁၇)နှစ်နှင့် ရှစ်တန်းကျောင်းသား နိုင်မျိုးထွန်း(ခ)ချဖား(၁၈)နှစ်ဖြစ်ပြီး ၎င်းတို့မှာ ပုဏ္ဏားကျွန်း မြို့နယ်၊ ပေါက်တောပြင်ကျေးရွာ အထက်တန်းကျောင်းခွဲတွင် တက်ရောက်နေသူများဖြစ်ကြသည်ဟု သိရသည်။

အဆိုပါကျောင်းသား၂ဦးသည်  ဇွန်လ ၁၆ရက်နေ့တွင် ‌ဆေးခန်းပြပြီး ပြန်လာစဥ် မြို့ထဲတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မင်းအောင်ခိုင်၏ ဖခင်ဖြစ်သူ ဦးမောင်စောမြက နိရဥ္စရာသတင်းဌာကို ပြောသည်။

“ကျွန်တော့်သားမှာ ဆိုင်ကယ်မှောက်ထားတဲ့ ဒဏ်ရာကိုဆေးခန်းသွားပြတာ။ အပြန်မှာ အဖမ်းခံလိုက် ရတာ။ နိုင်မျိုးထွန်းဆိုတာကလည်း ကျွန်တော့် မြေးပါ။ အခုအချိန်ထိ အဆက်အသွယ်လည်း မရသေးဘူး။ ပုဏ္ဏားကျွန်း တပ်ထဲမှာလား၊ စစ်တွေမှာလားဆိုတာကို မသိရဘူး။ အိမ်ကလူတွေက တော်တော်လည်းကို စိတ်ပူနေကြရပါတယ်။ သူတို့ကို ပြန်လွတ် ပေးစေချင်ပါတယ် ”ဟုဆိုသည်။

၎င်းတို့နှစ်ဦးနှင့် ယခုအချိန်ထိ ဆက်သွယ်မရသေးသဖြင့် အထူးစိုးရိမ် နေကြရပြီး အမြန်ဆုံး ပြန်လွှတ်ပေးစေချင်သည်ဟု မိသားစုများက ပြောဆိုသည်။

ယင်းအပြင် ဖမ်းဆီးခံထားရသည့် ပုဏ္ဏားကျွန်းမြို့ခံများထဲမှ ၅ ဦးမှာ စစ်တွေမြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)စခန်းတွင် စစ်ကြောရေးခံနေရသည်ဟုသိရသည်။

စစ်ကြောရေးစစ်ဆေးခံနေရသူမှာ ဦးဘလှိုင် (၃၉)နှစ်၊ ဦးဝင်းမောင်သန်း (၄၀)နှစ်၊ ဦးထွန်းလိုင်(၅၅)နှစ်၊ ဦးကျော်မင်း (၅၈)နှစ် နှင့် ကိုကျော်လင်း (အသက်၂၀ကျော် အရွယ်)တို့ဖြစ်ကြသည်ဟု စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသတင်းဌာကို ပြောသည်။

ပုဏ္ဏားကျွန်းမြို့တွင် ဇွန်လ ၁၆ရက်နေ့က ခမရ ၅၅၀တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဦးကို ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးခဲ့ရာ တစ်ဦးကို ဖမ်းသွားခဲ့သော်လည်း နောက်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ယင်းနောက် စစ်ကောင်စီက မြို့ခံအမျိုးသားအများအပြားကို ဖမ်းဆီးကာ စစ်ဆေးနေကြောင်း သိရသည်။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...