ဒေါက်တာဇော်မြင့်မောင်ကို အဂတိမှုဖြင့် ထောင်ဒဏ် ၂၁ နှစ်ချမှတ်

ဒေါက်တာဇော်မြင့်မောင်ကို အဂတိမှုဖြင့် ထောင်ဒဏ် ၂၁ နှစ်ချမှတ်

NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မအမှု (၅) မှုအတွက် ဇွန် ၁၇ ရက်နေ့ မန္တလေးအိုးဘိုအကျဉ်းထောင် အထူးတရားရုံးကနေ  ထောင်ဒဏ် (၂၁) နှစ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဒေါက်တာဇော်မြင့်မောင်အပေါ်စွဲ ဆိုထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ အမှုများတွင် ဆေးကုသမှုနှင့် သက်ဆိုင်သည့် အဂတိအမှု (၃) ခု အတွက်တစ်မှုကို ထောင်ဒဏ် (၅) နှစ်စီနှင့် ပြင်ဦးလွင်နှင့် မြင်းခြံမြို့တို့တွင် ပါတီရုံး မြေနှင့်ပက်သက်သည့် အဂတိမှု (၂) ခု အတွက် တစ်မှုလျှင် ထောင်ဒဏ် (၃) နှစ်စီ စုစုပေါင်းထောင်ဒဏ် (၂၁) နှစ်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦထံမှ သိရသည်။

ထိုသို့ အဂတိအမှုများဖြင့် အမိန့်ချမှတ်ထားသည့် အပေါ်ဒေါက်တာဇော်မြင့်မောင်က အယူခံမဝင်ကြောင်းလည်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

“ အပြစ်ရှိမရှိ မေးတဲ့အခါ မရှိဘူးလို့ ဒေါက်တာကဖြေတယ်။ အယူခံ ဝင်ဖို့လည်း မရှိဘူး ” ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူကဆိုသည်။

ဒေါက်တာဇော်မြင့်မောင်မှာ မန္တလေးတိုင်းအတွင်း မြို့သစ်စီမံကိန်း ဧရိယာနှင့် ဆက်စပ်သည့် လယ်ယာမြေများကို အခြားနည်းဖြင့် သုံးစွဲခွင့်ရရှိရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်သည့် ကုမ္ပဏီများက ပေးအပ် သည့် ထိုင်းဘတ်ငွေ သုံးသိန်း၊ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို လုပ်ကိုင် ဆောင်ရွက်နေသည့် ကုမ္ပဏီက ပေးအပ်သည့် ငွေကျပ် သိန်း ၆၅၀အမှု၊  ထို့အတူ ဒေါက်တာဇော်မြင့်မောင် ထိုင်နိုင်ငံသို့ ဆေးကုသရန် သွားခဲ့စဉ်က လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးဇော်ဝိတ်က ပေးအပ်သော အမေရိကန်ဒေါ်လာ တစ်သိန်း လက်ခံရယူခဲ့မှုဆိုသည့် စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၉ ခုနှစ်က မြင်းခြံခရိုင်/မြို့နယ် NLD ပါတီရုံးအတွက် မြေနေရာ နှင့် ပြင်ဦးလွင်မြို့နယ် NLD ပါတီရုံး အတွက် မြေနေရာ ဝ.၁၇၂ ဧကတို့ကို အလွဲသုံးစား အသုံးပြုခဲ့မှုကြောင့် ငွေကျပ်သိန်း ၃၄၃၀ ကျော် နစ်နာဆုံးရှုံးစေသည်ဟုဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အမှု (၅) ခုဖြင့် ပြီးခဲ့သည့်၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်၌ စစ်ေ ကာင်စီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

အလားတူ ဒေါက်တာ ဇော်မြင့်မောင်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၈ ရက်နေ့က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေမှုဖြင့် ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (ခ) ဖြင့်၊ ထောင်(၂)နှစ်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်နှင့် ရွေးကောက်ပွဲ တွင် မလျှော်သြဇာ ကျင့်သုံးခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ပုဒ်မ ၁၇၁(စ) ဖြင့် ထောင်ဒဏ်တစ်နှစ် အပါအဝင် အားလုံး စုစုပေါင်း ထောင်ဒဏ် (၂၆)နှစ်ကို စစ်ကောင်စီက အမိန့်ချမှတ်ထားသည်။

ဆက်လက်ပြီး ၎င်းအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှု အမှုတစ်မှုကျန်ရှိနေပြီး အဆိုပါအမှုမှာ အောင်မြေသာစံမြို့နယ်တရားရုံးက ပုဒ်မ၁၃၀(က)ဖြင့် စွဲဆိုထားသေးကြောင်းလည်း သိရသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...