လ္ဘက်ရည် သောက်နေသူ နှစ်ဦး ပစ်သတ်ခံရ

လ္ဘက်ရည် သောက်နေသူ နှစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ်နှစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု မြို့ခံအချို့က ပြောသည်။

ရေးမြို့ရှိ ဇော်လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် ကိုကြည်ဟိန်း နှင့် ကိုအရှည်ကြီးဆိုသူတို့နှစ်ဦးကို သေနတ်သမားက ဆိုင်ကယ်ဖြင့် ရောက်လာပြီး သောကြာနေ့က ပစ်ခတ်သွားခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုကြည်ဟိန်းနှင့် ကိုအရှည်ကြီး သေဆုံးသွားခဲ့သည်။

”ဖြစ်သွားတာက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် အပစ်ခံရတာ နှစ်ယောက်စလုံး သေ နတ်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီး သေသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ကိုကြည်ဟိန်းနှင့် ကိုအရှည်ကြီးကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထား သည်။

အရှည်ကြီးသည် စစ်ကောင်စီသတင်းပေး ဒလန်ဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အတူရှိနေသူ တစ်ဦး လည်း မတော်တဆ ကျည်ထိမှန် သေဆုံးသွားခြင်း ဖြစ်သည်ဟု ရေးဘီလူးတာဝန်ရှိသူက ထုတ်ပြန်ပြောဆို ထား သည်။

“အရှည်ကြီးကို ကျနော်တို့ အဖွဲ့က ပစ်ခတ် ရှင်းလင်းတဲ့အခါမှာ တခြား အပြစ်မဲ့ပြည်သူတစ်ဦးလည်း မတော် တဆ ထိခိုက်မှု ဖြစ်သွားတဲ့အတွက် အနူးညွတ် တောင်းပန်ပါတယ်” ဟု ရေးဘီလူးတာဝန်ရှိသူက ပြောသည်။

နောက်နောင်တွင် စစ်ကောင်စီနှင့် နီးစပ်သူများ၊ သတင်းပေး ဒလန်များနှင့် ခရိုနီ စီးပွားရေး လုပ်ငန်းရှင်များ အနီး တွင် နီးနီးကပ်ကပ် သွားလာနေထိုင်ခြင်း မပြုလုပ်ရန်လည်း ရေးဘီလူးအဖွဲ့ တာဝန်ရှိသူက သတိပေး ပြောဆို ထားသည်။

ကြာသပတေးနေ့ကလည်း ရေးမြို့နယ် ကဗျာဝကျေးရွာက မွန်လေးဆိုသူကို ရေးဘီလူးအဖွဲ့က သေနတ် ၁၄ ချက်ဖြင့် ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြိုနယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း များ၊ စစ်ကောင်စီ သတင်းပေးများကို မကြာခန ပစ်ခတ် ရှင်းလင်းလေ့ရှိသည်။

ရေးဘီလူးအဖွဲ့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးပေးမည်ဟု သတင်းထုတ် ပြန်ထားသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...