စစ်ကောင်စီတပ်၏ လက်နက်ကြီးဗုံးဆံထိမှန်ကာ တောင်ယာလုပ်နေသည့် ဒေသခံ (၃) ဦးသေဆုံး

စစ်ကောင်စီတပ်၏ လက်နက်ကြီးဗုံးဆံထိမှန်ကာ တောင်ယာလုပ်နေသည့် ဒေသခံ (၃) ဦးသေဆုံး

ချင်းပြည်နယ် မင်းတပ်မြို့နယ် မွီတွီရွာအနီးတောင်ယာလုပ်နေသည့် အပြစ်မဲ့ ပြည်သူ ၃ ဦး ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဗုံးဆံထိမှန် သေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းနှင့် ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။

ယင်းဖြစ်စဉ်မှာ ဇွန် လ ၁၆ ရက်နေ့ မနက် ၉ နာရီခွဲ ဝန်းကျင်တွင် မင်းတပ်မြို့ ၂၇၄ တပ်ရင်းမှ မြို့မြောက်ဘက်ရှိရွာများကို လက်နက်ကြီးများနှင့်ပစ်ခတ်ရာ မွီတွီရွာအနီးဝန်းကျင်တွင် လက်နက်ကြီးများကျရောက်ပြီး ကျေးရွာအနီးတောင်ယာလုပ်နေသော အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး၊ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦး စုစုပေါင်း အပြစ်မဲ့ ပြည်သူ ၃ ဉီး စစ်ကောင်စီတပ်၏ လက်နက်ကြီးဗုံးဆံထိမှန် သေဆုံးသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။

အဆိုပါစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် လူနေအိမ် ၄ လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးလည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားပါသည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက် မြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခုခံကာကွယ်ရေး တပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေလျက်ရှိပြီး ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရပါသည်။

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...