ပခုက္ကူတွင် အုပ်ချုပ်ရေးမှူး သတ်ခံရပြီးနောက် ရွာသားအချို့ ဖမ်းခံရ

ပခုက္ကူတွင် အုပ်ချုပ်ရေးမှူး သတ်ခံရပြီးနောက် ရွာသားအချို့ ဖမ်းခံရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးတစ်ဦးအသတ်ခံရပြီးနောက် ရွာသားအချို့ ဖမ်းဆီး ခံနေရသည့်အပြင် ပျူစောထီးများက ခြိမ်းခြောက်နေသည့်အပြင် စစ်ဆေးမှုများလည်း တင်းကြပ်နေသည်ဟု ဒေသခံများက ပြောသည်။

ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာက အုပ်ချုပ်ရေးမှူး အသတ်ခံလိုက်ရသည့်နောက်တွင် ပျူးစောထီးအဖွဲ့ဝင်များ က ပြည်သူတစ်ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

ကန်တော်ကျေးရွာက ရွာသားတစ်ဦးက “ဖြစ်တာက ၉ ရက်နေ့က ညပိုင်းလောက်ကသတ်ခံရတာ။ သေနတ်နဲ့ လည်း နှစ်ချက်ပစ်တယ်။ သွေးထွက်လွန် ပြီးသေတာလို့ ကြားတယ်။ နေ့ခင်းပိုင်းကျတော့ PDF နဲ့ ဆက်နွှယ် တယ်ဆိုပြီး ကိုကျော်လွင်ဦးကို လာဖမ်းသွားတာ” ဟု ပြောသည်။

ကန်တော်ကျေးရွာက အုပ်ချုပ်ရေးမှူးသည် ဇွန်လ ၉ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်အချိန်က အသတ်ခံလိုက်ရ ခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့တွင် အပြစ်မဲ့ ပြည်သူတစ်ဦးကို ပျူစောထီးအဖွဲ့ဝင်များ က လာရောက်ဖမ်း ဆီး သွားခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ဖမ်းဆီးခံထားရသည့် ရွာသားနှင့်လည်း ယနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးဟု နီးစပ်သူများက ဆိုသည်။

ထို့အပြင် ယခုဖြစ်ပွားခဲ့သည့် အုပ်ချုပ်ရေးမှူး အသတ်ခံရမှု တရားခံမပေါ်ပါက ကျေးရွာအား မီးရှို့ပစ်မည်ဟု ပျူးစောထီးအဖွဲ့ဝင်များက ခြိမ်းခြောက် ပြောဆိုမှုမလည်း ရှိနေသည်ဟု သိရသည်။

ဇွန်လ ၉ ရက်နေ့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် အသတ်ခံရပြီးသည့်အချိန်မှစတင်၍ ဇွန်လ ၁၄ ရက်နေ့အထိ ပျူးစောထီးအဖွဲ့ဝင်များက ကျေးရွာအတွင်း ခြိမ်းခြောက်ပြောဆိုမှုများအပြင် ရွာသားများကို စစ်ဆေးခြင်းများ၊ အိမ်များအတွင်း ဝင်ရောက်ရှာဖွေခြင်းများပါ လုပ်ဆောင်နေသည်ဟု ရွာသားများက ပြောသည်။

ကန်တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ကို ဇွန်လ ၉ ရက်နေ့က လူ ၇ ဦးခန့်ရှိသည့် အမည်မသိလူ တစ်စုက ၎င်းနေအိမ် တွင် ရှိနေစဉ် ဓားဖြင့် လာရောက်ခုတ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးအောင်ကျော်သတ်ခံရပြီးနောက် ရွာသား ကိုကျော်လွင်ဦးကို PDF အဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြီး ပျူး စောထီးအဖွဲ့က လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...