ပုလောတိုက်ပွဲမှာ မှားယွင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံး

ပုလောတိုက်ပွဲမှာ မှားယွင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်က မှားယွင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၁၃ ရက်နေ့မှာ ကျောင်းနိမ့်ကျေးရွာထဲကို တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အထိနာနေတာကြောင့် ပုလောမြို့နယ် အခြေစိုက် စစ်ကောင်စီ အမှတ် (၂၈၅)တပ်ရင်းက လက်နက်ကြီး ပစ်ကူပေးခဲ့တာပါ။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ကူပေးရာမှာ မှားယွင်းပစ်ခတ်မိတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးသူ ၈ ဦးနဲ့ စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၁ ဦး ကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကျောင်းနိမ့်ကျေးရွာရှိ လူနေအိမ် ၇ လုံးနဲ့ ဆိုင်ကယ် ၄ စီးကို မီးရှို့ဖျက်ဆီးသွားပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီပြီး နီးစပ်ရာတောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...