ခင်ဦးမြို့နယ်တွင် လူသားဒိုင်းအဖြစ်အသုံးပြုခံရသည့် ပြည်သူနှစ်ဦးကို စစ်ကောင်စီပစ်သတ်

ခင်ဦးမြို့နယ်တွင် လူသားဒိုင်းအဖြစ်အသုံးပြုခံရသည့် ပြည်သူနှစ်ဦးကို စစ်ကောင်စီပစ်သတ်

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကြို့ကန်ကျေးရွာကို မီးရှို့ရန် စစ်ကောင်စီတပ်ဖွဲ့မှ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည့် အင်တိုင်းကျေးရွာပြည်သူနှစ်ဦးကို ကြို့ပင်ကျေးရွာအနီးတွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၁ ရက်နေ့က ကြို့ကန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အင်တိုင်းကျေးရွာနေပြည်သူနှစ်ဦးကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်လာခဲ့ပြီးနောက် ကြို့ကန်ကျေးရွာအနီးတွင်သာ ပြန်လည်သတ်ပစ်ခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ပြောသည်။

“ဟုတ်တယ်ဗျ ကြို့ကန်ရွာ ကိုမီးလာရှို့တဲ့နေ့က လမ်းသွားလမ်းလာတွေကိုစစ်တာပေါ့ စစ်တဲ့အခါမှာ ခင်ဦးနယ်ခံနှစ်ဦးစလုံးက အင်တိုင်းကလို့သိရတယ် သူတို့နှစ်ဦးကို ဖမ်းခေါ်သွားတယ် ခေါ်သွားပြီ ကျေးရွာကနေပြန်ထွက်တဲ့အခါမှာ ပစ်သတ်ခဲ့တာ”ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ပစ်သတ်ခံရသည့် နှစ်ဦးအနက် တစ်ဦးမှာ ကိုချမ်းသာ တစ်ဦးအမည်စုံစမ်းဆဲတို့ဖြစ်ပြီး အသက် ၃၀ ကျော်အရွယ်များဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ကြို့ကန်ကျေးရွာမှ နေအိမ် ၃၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နေအိမ်နှစ်လုံးလည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“နေအိမ်ကတော့မီးရှို့ခံရတာရယ် လက်နက်ကြီးထိလို့ပျက်စီးတာရယ်ဆိုရင် ၃၇ လုံးပေါ့ပျက်စီးတာ အခုတော့ရွာသားတွေကမနေ့ကတည်း ကရွာပြန်ကပ်နိုင်ပါပြီ သတ်ခံရတဲ့နှစ်ယောက်ကလည်း မနေ့က ရွာပြန်ဝင်မှ အလောင်းတွေ့တာ”ဟုဒေသခံတစ်ဦးကပြောသည်။

လတ်တလောတွင်အဆိုပါမီးဘေးသင့်သည့်ပြည်သူ များ၏ နေထိုင်စားသောက်ရေးကို ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကူညီပေးနေကြောင်းသိရသည်။

ခင်ဦးမြို့နယ်အတွင်းတွင် လက်ရှိအချိန်ထိ စစ်ကောင်စီ လက်ချက်ကြောင့်သေဆုံးခဲ့သည် ပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ပေါင်း စုစုပေါင်း ၁၅၇ ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...