အကြမ်းဖက်သမားဟုစွပ်စွဲကာ ရေး-ထားဝယ်လမ်းပိုင်းတွင် လူပုဂ္ဂိုလ် ၃၀ နီးပါးကိုစစ်တပ်က ဝရမ်းကပ်

အကြမ်းဖက်သမားဟုစွပ်စွဲကာ ရေး-ထားဝယ်လမ်းပိုင်းတွင် လူပုဂ္ဂိုလ် ၃၀ နီးပါးကိုစစ်တပ်က ဝရမ်းကပ်

ရေးမြို့နယ်၊ ရေး-ထားဝယ် တံတားထိပ် အများပြည်သူ ဖြတ်သန်း အသုံးပြု နေသည့်နေရာတွင် CDM ပြုလုပ်ထားသော ဝန်ထမ်းများအပါအဝင် လူပုဂ္ဂိုလ် ၃၀ နီးပါးကို လူသတ် အကြမ်းဖက်သမားများဟု စွပ်စွဲပြီး စစ်တပ်မှ ၀ရမ်းကပ်ထားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်ကောင်စီ ၀ရမ်းကပ် ထုတ်ပြန်ထား သူများထဲတွင် ရေးမြို့နယ်မှ CDM ဒုပညာရေးမှူး၊ ထွေအုပ် စာရေးဝန်ထမ်းများ၊ NLD ပါတီဝင်များနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ ပါဝင်နေသည်ဟု သိရသည်။

“ ရေးတံတားကြီး ထိပ်မှာ လူသတ် အကြမ်းဖက် အဖွဲ့စည်း ဆိုပြီး စစ်တပ်က ပုံတွေကို လိုက်ကပ်ပြီး ဒီလို မဟုတ်တမ်း တရား စွပ်စွဲချက်တွေနဲ့ ဝါဒဖြန့် နေတာပါ။ လူသုံးဆယ် နီးပါးလောက် ရှိမယ်။ အမျိုးသမီးက လေးငါး ယောက်လောက် ပါတယ်” ဟု ရေးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် ၀ရမ်းထုတ် ကပ်ခံရသူများ၏ စာရင်းကို ရေးမြို့နယ်အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များထံ ပေးပို့ထားကြောင်းလည်း ဒေသခံများထံမှသိရသည်။

“အဓိကသူတို့ ၀ရမ်းကပ်ထားတာ ကြည့်မယ် ဆိုရင် NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့တဲ့ ကျွန်တော် အပါအဝင် ငါးယောက်စလုံးကို ထိပ်မှာ ကပ်ပြီးတော့ ကျန်တဲ့ လူတွေကို ထည့်ထားတာ ဖြစ်တာမို့ NLD ကို ပိုပြီးတော့ ပစ်မှတ်ထားတယ်လို့ မြင်ပါတယ်” ဟု ၀ရမ်းကပ်ခံထားရသူများထဲ ပါဝင်သူ ရေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။

အဆိုပါ ဗီနိုင်းပုံပါ ၀ရမ်းကပ်ခံရသူများ၏ ဓာတ်ပုံများကို စစ်ကောင်စီက လာရောက်ကပ်ထားသည်မှာ တစ်ပတ်နီးပါးရှိနေပြီး ဖြစ်ကြောင်းလည်းသိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...