မင်းတပ်နှင့် ကန်ပက်လက်မြို့မှ လူငယ်များ မလေးရှားနှင့် ထိုင်းသို့ ပွဲစားအောက်လမ်းဖြင့် သွားသည့်သူ များပြားနေ

မင်းတပ်နှင့် ကန်ပက်လက်မြို့မှ လူငယ်များ မလေးရှားနှင့် ထိုင်းသို့ ပွဲစားအောက်လမ်းဖြင့် သွားသည့်သူ များပြားနေ
မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်နေကြသည့် လူငယ်လူရွယ်များ
မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်နေကြသည့် လူငယ်လူရွယ်များ

ချင်းပြည်နယ် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များမှ လူငယ်အများစု အောက်လမ်းခရီးဖြင့် မလေးရှားနှင့်ထိုင်းနိုင်ငံသို့ ထွက်ခွာသည့်သူ အများအပြားရှိနေကြောင်း သိရသည်။

အထူးသဖြင့် သွားရောက်သည့်သူအများစုမှာ ၁၈နှစ်ဝန်းကျင် မိန်းကလေးငယ်များဖြစ်ပြီး ယောက်ကျားလေး အနည်းအငယ်သာ ပါဝင်သည်ဟု သိရသည်။

''မင်းတပ်နှင့် ကန်ပက်လက်မှာရှိတဲ့ လူငယ်တွေက ကျောင်းလည်းမတက်နိုင်ကြတော့ဘူး၊ အလုပ်လည်းမရှိကြတော့ဘူး၊ အရင်ကတော့ တောင်ယာထဲမှာ ဝဥစိုက်တဲ့သူကစိုက်၊ ကော်ဖီစိုက်တဲ့သူက စိုက်ကြတယ်။ အခုတော့ ဘာအလုပ်အကိုင်မှ မရှိတော့ အားလုံးက နိုင်ငံခြားရောက်ရင်ပြီးရော၊ဘယ်လိုပဲသွားရသွားရတွေ ဖြစ်ကုန်ကြတယ်။ မိဘတွေလည်း ရွာမှာနေရင် အဖမ်းခံရမလား၊ အသတ်ခံရမလား စိုးရိမ်နေရတော့၊ နိုင်ငံခြားသွားတာ ထွက်ပေါက်တစ်ခုလို ဖြစ်လာနေတယ်’’ ဟု ကန်ပက်လက်မြို့ခံ တစ်ဦးကပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ အောက်လမ်းဖြင့်သွားသည့်သူ တစ်ဦးလျှင်သိန်း ၃၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိ နေကြောင်းလည်း သိရသည်။

''ပခုက္ကူကားဂိတ်တွေမှာ ကြည့်လိုက်ရင် ပွဲစားတွေက ဂိတ်တွေနှင့်ချိတ်ထားကြတယ် ထင်တယ်။ ကားတစ်စီးမှာ ပါလာရင် မိန်းကလေးတွေ ၃၀ကျော်လောက်မှာ ယောက်ကျားလေးက တစ်ယောက်နှစ်ယောက်လောက် ပါကြတယ်။ တချို့ကလည်း ပြည်ပမှာရှိတဲ့ အမျိုးတွေက ငွေပေးတာရှိတယ်။ တချို့ကျတော့လည်း အကြွေးစနစ်ပေါ့၊ ခြောက်လနဲ့ အကြေဆပ်ရတာတွေ ရှိတယ်''ဟုလည်း ပခုက္ကူကားကြီးဂိတ်အနီး သုံးဘီးဆိုင်ကယ်ဆွဲနေသည့် ချင်းလူမျိုး တစ်ဦးက ဆိုသည်။

ပြည်ပပို့ဆောင်သည့် လူပွဲစားများအနေဖြင့် ရန်ကုန်မှ မလေးရှားအထိတိုက်ရိုက်ပို့ဆောင်ခြင်း ဖြစ်ပြီး လမ်းခရီးအတွင်း ဖမ်းဆီးခံရပါက တာဝန်ယူသည့်ပွဲစားများရှိသလို တာဝန်မယူဘဲ ရှောင်ပြေးသည့် ပွဲစားများလည်းရှိနေကြောင်း သိရသည်။ လမ်းခရီးချောမွေ့ပါက မလေးရှားနိုင်ငံသို့ တစ်ပတ်အတွင်း ရောက်ရှိကြောင်းလည်း သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...