မင်းတပ်နှင့် ကန်ပက်လက်မြို့မှ လူငယ်များ မလေးရှားနှင့် ထိုင်းသို့ ပွဲစားအောက်လမ်းဖြင့် သွားသည့်သူ များပြားနေ

မင်းတပ်နှင့် ကန်ပက်လက်မြို့မှ လူငယ်များ မလေးရှားနှင့် ထိုင်းသို့ ပွဲစားအောက်လမ်းဖြင့် သွားသည့်သူ များပြားနေ
မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်နေကြသည့် လူငယ်လူရွယ်များ
မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်နေကြသည့် လူငယ်လူရွယ်များ

ချင်းပြည်နယ် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များမှ လူငယ်အများစု အောက်လမ်းခရီးဖြင့် မလေးရှားနှင့်ထိုင်းနိုင်ငံသို့ ထွက်ခွာသည့်သူ အများအပြားရှိနေကြောင်း သိရသည်။

အထူးသဖြင့် သွားရောက်သည့်သူအများစုမှာ ၁၈နှစ်ဝန်းကျင် မိန်းကလေးငယ်များဖြစ်ပြီး ယောက်ကျားလေး အနည်းအငယ်သာ ပါဝင်သည်ဟု သိရသည်။

''မင်းတပ်နှင့် ကန်ပက်လက်မှာရှိတဲ့ လူငယ်တွေက ကျောင်းလည်းမတက်နိုင်ကြတော့ဘူး၊ အလုပ်လည်းမရှိကြတော့ဘူး၊ အရင်ကတော့ တောင်ယာထဲမှာ ဝဥစိုက်တဲ့သူကစိုက်၊ ကော်ဖီစိုက်တဲ့သူက စိုက်ကြတယ်။ အခုတော့ ဘာအလုပ်အကိုင်မှ မရှိတော့ အားလုံးက နိုင်ငံခြားရောက်ရင်ပြီးရော၊ဘယ်လိုပဲသွားရသွားရတွေ ဖြစ်ကုန်ကြတယ်။ မိဘတွေလည်း ရွာမှာနေရင် အဖမ်းခံရမလား၊ အသတ်ခံရမလား စိုးရိမ်နေရတော့၊ နိုင်ငံခြားသွားတာ ထွက်ပေါက်တစ်ခုလို ဖြစ်လာနေတယ်’’ ဟု ကန်ပက်လက်မြို့ခံ တစ်ဦးကပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ အောက်လမ်းဖြင့်သွားသည့်သူ တစ်ဦးလျှင်သိန်း ၃၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိ နေကြောင်းလည်း သိရသည်။

''ပခုက္ကူကားဂိတ်တွေမှာ ကြည့်လိုက်ရင် ပွဲစားတွေက ဂိတ်တွေနှင့်ချိတ်ထားကြတယ် ထင်တယ်။ ကားတစ်စီးမှာ ပါလာရင် မိန်းကလေးတွေ ၃၀ကျော်လောက်မှာ ယောက်ကျားလေးက တစ်ယောက်နှစ်ယောက်လောက် ပါကြတယ်။ တချို့ကလည်း ပြည်ပမှာရှိတဲ့ အမျိုးတွေက ငွေပေးတာရှိတယ်။ တချို့ကျတော့လည်း အကြွေးစနစ်ပေါ့၊ ခြောက်လနဲ့ အကြေဆပ်ရတာတွေ ရှိတယ်''ဟုလည်း ပခုက္ကူကားကြီးဂိတ်အနီး သုံးဘီးဆိုင်ကယ်ဆွဲနေသည့် ချင်းလူမျိုး တစ်ဦးက ဆိုသည်။

ပြည်ပပို့ဆောင်သည့် လူပွဲစားများအနေဖြင့် ရန်ကုန်မှ မလေးရှားအထိတိုက်ရိုက်ပို့ဆောင်ခြင်း ဖြစ်ပြီး လမ်းခရီးအတွင်း ဖမ်းဆီးခံရပါက တာဝန်ယူသည့်ပွဲစားများရှိသလို တာဝန်မယူဘဲ ရှောင်ပြေးသည့် ပွဲစားများလည်းရှိနေကြောင်း သိရသည်။ လမ်းခရီးချောမွေ့ပါက မလေးရှားနိုင်ငံသို့ တစ်ပတ်အတွင်း ရောက်ရှိကြောင်းလည်း သိရသည်။

Most read this week

December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...