ဘုရားရင်ပြင်တွင် စစ်တပ်က သဲအိတ်များဖြင့် ဘန်ကာများပြုလုပ်ထား ‌၊ ဘုရားဖူးသူများ စိတ်အနှောင့်အယှက် ဖြစ်စေ၍ ပြန်လည်ရုပ်သိမ်းပေးရန် ဒေသခံများက တောင်းဆို

ဘုရားရင်ပြင်တွင် စစ်တပ်က သဲအိတ်များဖြင့် ဘန်ကာများပြုလုပ်ထား ‌၊ ဘုရားဖူးသူများ စိတ်အနှောင့်အယှက် ဖြစ်စေ၍ ပြန်လည်ရုပ်သိမ်းပေးရန် ဒေသခံများက တောင်းဆို

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားရင်ပြင်ပေါ်တွင် စစ်တပ်က သဲအိတ်အကာအရံများဖြင့် ဘန်ကာများပြုလုပ်ထား၍ ဘုရားဖူးများ မလာရဲဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

မဟာမုနိဘုရားပေါ်တွင်တပ်စွဲထားသည့် ရှမ်းပြည်နယ် ကလောအခြေစိုက် တပ်မ(၅၅)မှ တပ်ဖွဲ့ဝင်များသည် ရင်ပြင်ပေါ်ရှိ နေရာအများအပြားတွင် ဇွန်လ ၁ ရက်မှစတင်ကာ သဲအိတ်အကာအရံများဖြင့် ဘန်ကာများပြုလုပ်ထားခြင်းဖြစ်သည်ဟု ဒေသခံ မျက်မြင်များက နိရ ဉ္စရာကို ပြောသည်။

မျက်မြင်တစ်ဦးက “အခု ဘုရားက ခြောက်ခြောက်သွေ့သွေ့ဖြစ်သွားပြီ။ ဘုရားဆီ လူတွေလည်း မလာကြတော့ဘူး။ အခုသူတို့စစ်တပ်ဟာ အဲလို နေရာယူထားကြတယ်”ဟု ပြောသည်။

မဟာမုနိဘုရားရင်ပြင်ပေါ်တွင် ယခုကဲ့သို့ပြုလုပ်ထားခြင်းမှာ ဟုတ်မှန်သည်ဟုလည်း မဟာမုနိဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးညိုသာလှက နိရဥ္စရာကိုပြောသည်။

“သူတို့နေတဲ့နေရာတွေမှာ သဲအိတ်တွေဘာတွေတော့ စီထားကြတယ်။ သူတို့ကတော့ စစ်ဆေးတာတွေလည်း တစ်ယောက်ကိုမှမလုပ်ဘူး။ ကိုယ့်ဟာကိုယ် အေးဆေးနေကြတာ”ဟု ပြောသည်။

ဘုရားရင်ပြင်ပေါ်တွင် ယခုကဲ့သို့ပြုလုပ်ထားခြင်းမှာ မသင့်တော်သလို ဘုရားဖူးများအတွက်လည်း စိတ်အနှောင့်အယှက်များဖြစ်စေ၍ ပြန်လည်ရုပ်သိမ်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

မဟာမုနိဘုရားရင်ပြင်ပေါ်တွင်တပ်စွဲနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆ဝ ခန့်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

၄င်းတို့ထဲမှ အသက် (၃ဝ)အရွယ် ဒုတပ်ကြပ် ကံကောင်းဆိုသူသည် နောက်ထပ် တပ်ဖွဲ့ဝင် နှစ်ဦးနှင့်အတူ မဟာမုနိဘုရားရင်ပြင်ပေါ်မှ ပြီးခဲ့သည့် မေလ ၂၂ ရက် နေ့လယ် ၁ နာရီခန့်က လက်နက်မဲ့ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

ယင်းသို့ ထွက်ပြေးပြီးနောက် ဒုတပ်ကြပ် ကံကောင်းသည် အနီးရှိ ရက္ခိုင့်တပ်တော်(AA)တပ်စခန်းတစ်ခုသို့ အလင်းဝင်ရောက်ခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်နှစ်ဦးမှာ မည်သည့်နေရာသို့ထွက်ပြေးသွားသည်ကို မသိရသေးပါ။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...