စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ဝန်ထမ်းများအား ထိထိရောက်ရောက်အရေးယူမည်ဟု CDF – Mindat ကြေညာ

စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ဝန်ထမ်းများအား ထိထိရောက်ရောက်အရေးယူမည်ဟု CDF – Mindat ကြေညာ

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ဝန်ထမ်းများအား ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF – Mindat မှ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

အကြမ်းဖက်စစ်ကောင်စီမှ မတရားအာဏာသိမ်းပြီးနောက် ပြည်သူ့ဝန်ထမ်းများ CDM ပြုလုပ်ပြီး အမှန် တရားနှင့် ပြည်သူဖက်မှ တသားတည်းရပ်တည်ရန်နှင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်သော ဝန်ထမ်း များအား အရေးယူဆောင်ရွက်သွားမည်ဟု အကြိမ်ကြိမ်သတိပေးခဲ့ကြောင်းဆိုသည်။

စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်းများအား အပြစ်ပေးအရေးမယူဘဲ သတိပေးအဆင့် သာပြုလုပ်ခဲ့ရာ အချို့သောဝန်ထမ်းများအနေဖြင့် အလေးမထားဘဲ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်နေကြောင်း စိစစ်တွေ့ရှိရသည့်အပြင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းများ ဖွင့်လှစ်ရန် ကြိုးစားနေကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ယခုအချိန်မှစတင်ပြီး စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှစပြီး စစ်ကောင်စီမှဖွင့်လှစ်သည့် ကျောင်းများတွင်ပညာသင်ကြားပေးသော ဆရာ/ ဆရာမများအား လက်တွေ့ကျကျ ထိထိရောက်ရောက် အရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီမှဖွင့်လှစ်သည့်ကျောင်းများတွင် မိမိတို့သားသမီးများအား အပ်နှံ ခြင်းမပြုရန်၊ ကျောင်းအပ်နှံခြင်းကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအပေါ် တာဝန်ယူမည်မဟုတ် ကြောင်း CDF – Mindat ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီမှဖွင့်လှစ်သောကျောင်းများအားဆန့်ကျင်၍ စနစ်သစ်သင်ရိုးဖြင့် ကျေးရွာပေါင်း ၁၃၆ ရွာတွင် ကျောင်းသားဉီးရေ ၆၂၈၂ ဦးအား ဆရာ/ဆရာမ ၈၅၈ ဉီးဖြင့် သင်ကြားပေး လျက်ရှိနေကြောင်း မင်းတပ်မြို့နယ် ပအဖမှ ထုတ်ပြန်ထားသည်။

မင်းတပ်ခရိုင်အတွင်းရှိ အစိုးရဌာန ၄၃ ခုမှ CDM ပြုလုပ်သောဝန်ထမ်းအရေအတွက်၌ ပညာရေးဌာနမှ ၁၁၇၉ ဉီးဖြင့်အများဆုံး CDM ပြုလုပ်ထားကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြုစု ထားသော စာရင်းများအရ သိရသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...