ကရင်ပြည်နယ် ပစ်ခတ်မှု သားအမိနှစ်ဦး ထိခိုက်ရာ မိခင် သေဆုံး

ကရင်ပြည်နယ် ပစ်ခတ်မှု သားအမိနှစ်ဦး ထိခိုက်ရာ မိခင် သေဆုံး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်း တပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး မိခင်ဖြစ်သူ သေဆုံးသွားခဲ့သည် ဟု ဒေသခံများက ပြေသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နဲ့ ကရင်လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့၏ ပစ်ခတ်မှုအတွင်း အသက် ၃၃ နှစ်အရွယ် မိခင် သေဆုံးပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

”လက်နက်ကြီးတစ်လုံးက လူနေအိမ်ခြံဝင်းထဲမှာ ကျကွဲတာ အဲမှာနေတဲ့ အမျိုးသမီးတစ်ဦးကတော့ အဲ့နေရာမှာ ပဲ သေသွားတယ်။ သူ့သမီးကတော့ ဒဏ်ရာရတယ်” ဟု နန်းသိုင်းထွန်ရွာခံတစ်ဦးက ပြောသည်။

မေလ ၂၉ ရက်နေ့၊ ညနေ ၂ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်က အနီးရှိ နန်းသိုင်းထွန်‌ကျေးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံရွာသားများက ပြော သည်။

စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ပြီးနောက် နန်းသိုင်းထွန်ကျေး ရွာ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြသည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဧပြီလ ၂၃ ရက်နေ့ကလည်း ခလယ်-တံခွန်တိုင် ရဲစခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျေးရွာထဲသို့ ကျကာ ဒေသခံ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အချို့ လည်း ရှိခဲ့သည်။

ထိုတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တို့မှ ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ခလယ်-တံခွန်တိုင် တဝိုက်က ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြသည်။

 စစ်ကောင်စီတပ်က နေ့တိုင်းလိုလို ပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများ နေအိမ်မပြန်ရဲကြပဲ ယနေ့ အချိန်ထိ ဘေးလွတ်ရာ တိမ်ရှောင်နေရဆဲ ဖြစ်သည်။

”နေ့တိုင်းလိုလို သေနတ်သံတွေကြားနေရတော့ တိမ်းရှောင်နေကြတဲ့ လူတွေလည်း အခုဆိုရင် တစ်လကျော် သွားပြီး မပြန်ရဲကြသေးဘူး။ အခုလည်း တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ လူတွေ ထပ်ပြေးရပြန်တယ်” ဟု ခလယ်-တံခွန်တိုင် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ခလယ်-တံခွန်တိုင် ရဲစခန်းသည် မုဒုံ-ခလယ်တံခွန်တိုင် လမ်းမကြီး တွင် တည်ရှိပြီး အဆိုပါလမ်းကိုလည်း စစ်ကောင်စီတပ်က ဖြတ်သန်သွားလာခွင့် ပိတ်ထားသည်ဟု ဒေသခံများ က ပြောသည်။

ခလယ်-တံခွန်တိုင် လမ်းမပိုင်းသည် မွန်ပြည်နယ် မုဒုံလမ်းပိုင်းကနေ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် သို့ သွားလို့ရသည့် လမ်းများအနက် အသုံးများသည့် လမ်းပိုင်းတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ဖြတ်သန်းသွားလာခွင့် မပြုသည့်အတွက် ဒေသခံများ သွားလာရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...