ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသူများ ပြည်တွင်းလေကြောင်းခရီးစဉ်လိုက်ပါရာတွင် ကိုဗစ်စစ်ဆေးရန်မလိုတော့ဟုဆို

ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသူများ ပြည်တွင်းလေကြောင်းခရီးစဉ်လိုက်ပါရာတွင် ကိုဗစ်စစ်ဆေးရန်မလိုတော့ဟုဆို

ပြည်တွင်းလေကြောင်းခရီးစဉ် လိုက်ပါမည့်သူများအနေဖြင့် ကိုဗစ်ပိုးစစ်ဆေးရခြင်းမှ လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသူဆိုပါက စစ်ဆေးရန်မလိုတော့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ထိုးထားသူဖြစ်စေ၊ မထိုးထားသူဖြစ်စေ ပြည်တွင်းလေကြောင်းခရီးလိုက်ပါမည်ဆိုပါက ၄၈ နာရီအတွင်း (Rapid Response Team-RRT) ကိုဗစ်ပိုးစစ်ဆေးမှုခံယူရမည်ဟု ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကသတ်မှတ်ထားခဲ့သည်။

လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး၍ ၆ လအကြာတွင် တတိယအကြိမ် BOOSTER DOSE ထိုးပြီးသူများအနေဖြင့် ပြည်တွင်းလေကြောင်းခရီးစဉ်များတွင်လိုက်ပါရန် ကိုဗစ်စစ်ဆေးစရာမလိုတော့ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ခြောက်လအကြာမှာ BOOSTER DOSE ကိုထိုးပေးတယ်။ နှစ်ကြိမ်ပဲထိုးသေးတယ်၊ ခြောက်လမပြည့်သေးဘူး၊ BOOSTER DOSE မထိုးရသေးတဲ့သူတွေဆိုရင် ဆေးစစ်ရတယ်”ဟု ၎င်းကဆိုသည်။

Star Wave Air လေယာဉ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ၃ ကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေး BOOSTER DOSE ထိုးပြီး ၁၄ ရက်ကြာသူများမှာ ပြည်တွင်းလေကြောင်းဖြင့်ခရီးသွားရန် ကိုဗစ်စစ်ဆေးစရာမလိုတော့ကြောင်း ပြောသည်။

“BOOSTER DOSE ထိုးပြီးတော့ ၁၄ ရက်ကြာတဲ့သူတွေတော့ ဆေးစစ်ဆေးစရာမလိုတော့ဘူး။ ဆေးလက်မှတ်တွေပြပြီးရင်ရပြီ။ သူတို့ကျရင် ၂၄ နာရီအတွင်း ဆေးစစ်ဆေးစရာမလိုတော့ဘူး”ဟု ၄င်းကဆိုသည်။

ရခိုင်မှ လေယာဉ်စီးခရီးသည် နေ့စဉ် ၃၀၀ ဦးနှင့် ၄၀၀ ဦးကို ကိုဗစ်ပိုးစစ်ဆေးလျက်ရှိပြီး ပိုးတွေ့ရှိသူမရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းလေကြောင်းခရီးစဉ် လိုက်ပါမည့်သူများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် ကိုဗစ်စည်းကမ်းချက်များကို ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၆၁၃,၃၃၆ ဦး၊ သေဆုံးသူ ၁၉,၄၃၄ ဦးရှိကြောင်း ကျန်းမာရေးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...