ချင်းပြည်နယ် ဟားခါးတွင် ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးတို့ကို CDF – Hakha ကောင်စီ တာဝန်ယူမည်ဟု ထုတ်ပြန်

ချင်းပြည်နယ် ဟားခါးတွင် ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးတို့ကို CDF – Hakha ကောင်စီ တာဝန်ယူမည်ဟု ထုတ်ပြန်

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် တော်လှန်ရေးကာလအတွင်း ဒေသ၏ ကာကွယ်ရေး ၊ လုံခြုံရေးအပြင် ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး အာဏာသုံးရပ်ကို ချင်းအမျိုးသား တပ်ဦး/တပ်မတော်(CNF/CAN) နှင့် ပူးပေါင်း၍ လုံးဝတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ -(ဟားခါး ကောင်စီ) Chinland Defense Force – Hakha Council က မေလ ၃၁ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန် ကြေညာသည်။

ဟားခါးမြို့နယ်တစ်နေရာတွင် CDF – Hakha တစ်နှစ်ပြည့် အခမ်းနားနှင့် ပထမအကြိမ်ကောင်စီ EC နှင့် OC အစည်းအဝေးကို မေလ ၂၆ရက်မှ ၃၀ရက် အထိ လူ ၄၀၀ ကျော်ဖြင့်ကျင်းပခဲ့ပြီး ပြည်သူများ သိရှိရန်လိုအပ်သည့် အချက်များကို ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဟားခါးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအတွက် ဟားခါး မြို့နယ် အတွင်း တော်လှန်ရေး အင်အားစုများသည် မေလ ၁ ရက် ၂၀၂၂ နေ့ရက်တွင် CDF-Hakha ကောင်စီအဖြစ် စုစည်းကာ အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ် ဖြုတ်ချရေး ၊ ဖက်ဒရယ် ဒီမိုကရေစီရေးနှင့် အဆုံးထိ တော်လှန်တိုက်ပွဲဝင်ရန် တော်လှန်ရေးခေါင်းဆောင်များ အားလုံးက သဘောတူဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

CDF – Hakha ကောင်စီသည် MiE , Senthang , Zokhua ဒေသများနှင့် Hakha မြို့ ပေါ် ဒေသတို့ ဖြင့် တော်လှန်ရေးအတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းနှင့် ထိုဒေသများတွင် CDF-Hakha ကောင်စီသည်သာ တော်လှန်ရေးကာလအတွင်း တရားဝင်အဖွဲ့အစည်း ဖြစ်ကြောင်းဆိုထားသည်။

အာဏာရူး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီနှင့် စစ်တပ်သည် အကြမ်းဖက် အဖွဲ့အစည်းဖြစ်ပြီး ၎င်း၏ လုပ်ငန်း ဆောင်ရွက်ချက် အားလုံးသည် တရားမဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ တော်လှန်ရေးပြီးဆုံး သည်အထိ အကြမ်းဖက် စစ်ကောင်စီက ဆောင်ရွက်ခဲ့သော စီမံကိန်းမှန်သမျှ အားလုံး သည် တရားဝင်မှု အလျင်းမရှိသဖြင့် ပူးပေါင်းလုပ်ဆောင်သော လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများ ၊ ကုမ္ပဏီများနှင့် ထောက်ခံပူးပေါင်းသူများသည် အကြမ်းဖက် သမားများအဖြစ် သတ်မှတ်ကာ တော်လှန်ရေးကာလ ဥပဒေ ၊ စည်းကမ်းများအရ ကောင်စီမှ ထိရောက် စွာအရေးယူမည်ဟု ဆိုထားသည်။

တော်လှန်ရေးကာလအတွင်း သတင်းပြန်ကြားရေးနှင့် ပြည်သူများ လိုက်နာရန် အမိန့် နှင့် ညွှန်ကြားချက်များကို Chinland Defense Force - Hakha နှင့် Hakha Campaign for Justice Facebook Page တို့မှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာသွား မည်ဖြစ်ဖြစ်သည်ဟုဖော်ပြထားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...