စစ်ကောင်စီ၏ ပညာရေးရလဒ်များကို ပယ်ဖျက်ရန် တိုက်တွန်းမှုကို NUG အစိုးရ ပြန်လည်တုံ့ပြန်မှုမရှိ

စစ်ကောင်စီ၏ ပညာရေးရလဒ်များကို ပယ်ဖျက်ရန် တိုက်တွန်းမှုကို NUG အစိုးရ ပြန်လည်တုံ့ပြန်မှုမရှိ

အခြေခံပညာရေးညီလာခံက တောင်းဆိုထားသည့် စစ်ကောင်စီလက်ထက်တွင် ထွက်ပေါ်လာသောပညာရေးရလဒ်များကို ပယ်ဖျက်ပေးရန် တောင်းဆိုမှုများအပေါ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ပြန်လည် တုံ့ပြန်မှုမရှိ သေးကြောင်း သိရသည်။

ထို့ကြောင့် ကျောင်းသားအစုအဖွဲ့များဖြစ်သည့် အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသများကွန်ရက်နှင့်အခြားသမဂ္ဂများနှင့်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)လူငယ်များမှ စုပေါင်းပြီး ဇွန်၁ရက်နေ့တွင် အဆိုနှင့်ပတ်သက်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် အသိပေးထုတ်ပြန်ခဲ့သည်။

“ကျောင်းသားတွေဘက်က တောင်းဆိုတဲ့ အခြေခံပညာအဆင့်ပြီးမြောက်ကြောင်း ရလဒ်များကို ပယ်ဖျက်ရေးအဆိုကို အခုထိသူတို့ (NUG) ဘက်က တုံ့ပြန်လာတာ မရှိသေးဘူး” ဟု အခြေခံပညာကျောင်းသားများ သမဂ္ဂမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

တစ်နိုင်ငံလုံးရှိ CDM ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူ အစုအဖွဲ့များပါဝင်သည့် အခြေခံပညာရေးညီလာခံတစ်ခုကို ပြီးခဲ့သည့်မေလ၁၀ နေ့မှ ၁၃ရက်နေ့အထိ ကျင်းပခဲ့သည်။

ညီလာခံတွင် ကျောင်းသားကျောင်းသူများမှ စစ်ကောင်စီ၏အခြေခံပညာရေး ရလဒ်များ ကို ပယ်ဖျက်ပေးရန်တိုက်တွန်းခဲ့ပြီး အဆိုပါတိုက်တွန်းချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် သက်ဆိုင်ရာ ပြည်နယ် အတိုင်ပင်ခံကောင်စီများ ထံသို့ ပေးပို့ခဲ့သည်။

ထိုသို့ပေးပို့ထားသော်လည်း အစည်းအဝေးအပြီး လဝက်နီးပါး ကျော်လာသည်အထိ NUG အစိုးရဘက်မှ တုံ့ပြန်ခြင်းမရှိသေးကြောင်းသိရသည်။

စနစ်တစ်ခုကို တွန်းဖြိုရန်ကြိုးစားရာတွင် ရန်သူ၏စနစ်များကို တရားမဝင်ကြောင်း ကြေညာမှုသည် အရေးပါသည်ဟု မြင်သဖြင့် ယခုကဲ့သို့တောင်းဆိုရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို သပိတ်မှောက်ကြောင်း ပြသသည့် အနေဖြင့် ကျောင်းသား ၊ ကျောင်းသူအများစုသည် စစ်ကောင်စီ ဖွင့်လှစ်သော ကျောင်းများသို့သွားရောက်ခြင်း မပြုဘဲ လက်ရှိအချိန်ထိ ဆက်လက် သပိတ်မှောက် နေကြဆဲဖြစ်သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...