စစ်ကောင်စီ၏ ရေငုတ်သင်္ဘော ရခိုင်သို့ရောက်ရှိနေဟု ဒေသခံများပြော

စစ်ကောင်စီ၏ ရေငုတ်သင်္ဘော ရခိုင်သို့ရောက်ရှိနေဟု ဒေသခံများပြော
သံဇစ်မြစ်အတွင်းသွားလာနေသည့် ရေငုတ်သင်္ဘောအား တွေ့ရစဉ်
သံဇစ်မြစ်အတွင်းသွားလာနေသည့် ရေငုတ်သင်္ဘောအား တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သစ်ဇစ်မြစ်အတွင်း စစ်ကောင်စီ၏ ရေငုပ်သင်္ဘော ရေပေါ်ပေါ်သွားလာနေသည်ကို ယမန်နေ့ ( မေ ၃၁ ရက်)နံနက်ပိုင်းက တွေ့ရှိခဲ့ရသည်ဟု ဒေသခံများက DMG သို့ပြောသည်။

အဆိုပါရေငုတ်သင်္ဘောမှာ သစ်ပုတ်တောင် ရေတပ်စခန်းဖက်သို့ဝင်ရောက်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ကျောက်ဖြူမြို့ဒေသခံ ကိုအောင်နိုင်ဝင်းကပြောသည်။

"သံဇစ်မြစ်နားကဖြတ်သွားတယ်။ ပြီးတော့ သစ်ပုတ်တောင်ဖက်ကိုသွားတယ်။ သစ်ပုတ်တောင်နားမှာက ရေတပ်စခန်းရှိတယ်"ဟု ၎င်းကဆိုသည်။

သစ်ပုတ်တောင်ရေတပ်စခန်းအနီးရှိ အုန်းဂျွိန်ဟုခေါ်သည့်နေရာတွင် ၂၀၂၁ ခုနှစ်က ရေငုပ်သင်္ဘောဆိပ်ကမ်းတစ်ခု တည်ဆောက်လျှက်ရှိပြီး ယင်းနေရာသို့ ဝင်ရောက်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

ထိုသို့ ရေငုတ်သင်္ဘောသွားလာနေသည်မှာ စစ်ရေးအင်အားပြသည်နှင့်တူနေ၍ စစ်ရေးတင်းမာမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများကဆိုသည်။

''ရေငုတ်သင်္ဘောတစ်စီးက ရေပေါ်တက်ပြီး ကျောက်ဖြူသံဇစ်မြစ်ပေါ်မှာ ဒီအတိုင်းသွားလာနေတာဆိုတော့ ဒါကစစ်ရေးအင်အားပြတာနဲ့တူနေတယ်။ အခုတစ်လော ပလက်ဝဖက်မှာလည်း စစ်ဖြစ်ထားတာဆိုတော့ ဒါနဲ့ပတ်သက်ပြီး ပြည်သူတွေ တော်တော်လေးစိုးရိမ်နေတာကိုလည်း တွေ့ရပါတယ်''ဟု ကျောက်ဖြူဒေသခံ ကိုမင်းဇံအောင်ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရေငုပ်သင်္ဘောရောက်ရှိနေမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီမှ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါ။

ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက အဆိုပါရေငုပ်သင်္ဘော ဝင်ရောက်သွားသည်ကို သတင်းများတွင်သာဖတ်ရှုရသေးပြီး လက်ရှိရောက်ရှိခြင်းဟုတ်၊မဟုတ်ကို စီစစ်နေတုန်းဟု ဆိုသည်။

"ကျနော်လဲ သတင်းမှာဘဲတွေ့တယ်။ ကျနော်တို့ဆီကို စာဝင်တာတော့ မရှိဘူး။ စီစစ်နေပါတယ် အဲဒီကိစ္စတွေကို"ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာလျက်ရှိနေကာ ယခုမေလ ၂၆ ရက်နေ့ကလည်း ပလက်ဝမြို့နယ်တွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...