UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့က ဖွဲ့စည်းပုံ ပြင်ဖို့ စစ်ကောင်စီ နဲ့ သွားရောက် ဆွေးနွေး

UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့က ဖွဲ့စည်းပုံ ပြင်ဖို့ စစ်ကောင်စီ နဲ့ သွားရောက် ဆွေးနွေး

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းမှုကော်မတီ (NSPNC)နဲ့ သွားရောက် ဆွေးနွေးခဲ့ပါတယ်။

(UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပြင်ဆင်လိုတဲ့ အချက် ၉ ချက်အတွက် ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ NSPNC နဲ့ သွားရောက် တွေ့ဆုံနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နေရာမှာ ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အဖြစ် ခေါ်တွင်စေဖို့၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က အမြဲတမ်းဦးဆောင်ရမယ်ဆိုတဲ့ နေရာမှာ အတိုင်းအတာ တစ်ခုထိ ဦးဆောင်မှု ရှိရမယ်ဆိုတဲ့ ကိစ္စရပ်တွေအတွက် ဆွေးနွေးခဲ့တယ်လို့ နိုင်ငံရေးပါတီများအစုအဖွဲ့ခေါင်းဆောင် စိုင်းအိုက်ပေါင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးမှူးတွေမှာ ဝန်ထမ်းတွေကို ခန့်အပ်ရမယ်ဆိုတဲ့ အချက်ကို သက်ဆိုင်ရာ ဒေသခံပုဂ္ဂိုလ်ထဲက အများဆန္ဒနဲ့ ရွေးချယ်တင်မြှောက်တဲ့ ဒေသခံပုဂ္ဂိုလ်တွေကို ခန့်အပ်တာဝန်ပေးဖို့ ဆွေးနွေးခဲ့ကြောင်းနဲ့ ကျန်ရှိတဲ့ အချက်တွေကတော့ ထုတ်ဖော်ပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ ပေါင်းထားတဲ့ အစုအဖွဲ့၊ အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ တို့က ကိုယ်စားလှယ် ၁၆ ဦးစီနဲ့ ဖွဲ့စည်းဖို့ NCA စာချုပ်အရ ပြဌာန်းထားတာပါ။

UPDJC ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ဒေသအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ လူမျိုးအလိုက်ကျင်းပတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးအပါအဝင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ရာမှာ ဦးဆောင်မှုပေးရတဲ့ ကော်မတီ တစ်ခုလည်း ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...