အိန္ဒိယ-အာဆီယံ အစည်းအဝေး၌ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ချန်လှပ်ထားနိုင်

အိန္ဒိယ-အာဆီယံ အစည်းအဝေး၌ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ချန်လှပ်ထားနိုင်

လာမည့် ဇွန်လလယ်တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အိမ်ရှင်အဖြစ် ဆောင်ရွက်မည့် အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာအာဏာသိမ်းစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကို ချန်လှပ်ထားဖွယ် ရှိကြောင်း the Hindu သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

အိန္ဒိယအနေဖြင့် အိမ်နီးချင်းနိုင်ငံနှင့်အကြား ကိုယ်ပိုင်ဆက်ဆံရေး ရှိခဲ့သလို မြန်မာ အာဏာသိမ်းစစ်အုပ်စုကို မည်ကဲ့သို့ ဆက်ဆံရမည် ဆိုသည်နှင့်ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးမှုလည်း ရှိနေသည်ဖြစ်ရာ ယခုအခါ အိန္ဒိယအစိုးရသည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို လာမည့်အစည်းအဝေးကနေ ချန်လှပ်သွားနိုင်ဖွယ် ရှိနေသည်ဟု သိရသည်။

ယင်းဆုံးဖြတ်ချက်အရဆိုလျင် ပြီးခဲ့သည့် မတ်လက ကိုလံဘိုမြို့တွင် ကျင်းပခဲ့သည့် ဒေသတွင်း

ဘင်းမ်စတက် အစည်းအဝေး၌ တက်ရောက်ခဲ့သည့် အိန္ဒိယ၏ ရပ်တည်ချက်ကနေ ပြောင်းလဲမှုတစ်ခု ဖြစ်စေမည်ဖြစ်သည်။ အဆိုပါ ဘင်းမ်စတက် အစည်းအဝေးတွင် မြန်မာစစ်ကောင်စီ ခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် ဖိတ်ကြားခံရပြီး အွန်လိုင်းကနေ ပါဝင်တက်ရောက်ခဲ့ရာ ယင်းကို အမေရိကန်က ဆန့်ကျင်ခဲ့သည်။

ယခု နယူးဒေလီ၏ ဆုံးဖြတ်ချက်ကြောင့် မြန်မာစစ်အုပ်စုအနေဖြင့် ဒေလီတွင် ကျင်းပမည့် အိန္ဒိယ-အာဆီယံ တွေ့ဆုံပွဲကို သပိတ်မှောက်သွားဖွယ် ရှိနေသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများနှင့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတို့တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် “နိုင်ငံရေးနယ်ပယ်မှ မဟုတ်သည့်” ၊ “အာဏာသိမ်းစစ်တပ်မှ မဟုတ်သည့်” ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားသည့် အာဆီယံနိုင်ငံများ၏ အများဆန္ဒအတိုင်း လိုက်လုပ်ရန် အိန္ဒိယသည်လည်း ဆုံးဖြတ်ထားကြောင်း တာဝန်ရှိသူများနှင့် သံတမန်ရေးဆိုင်ရာ သတင်းရင်းမြစ်အချို့က ပြောသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဇွန်လ ၁၅ ရက် အကြီးတန်းအရာရှိများ အစည်းအဝေးနှင့် ဇွန်လ ၁၆-၁၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့ကို တက်ရောက်ရန် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို ဖိတ်ကြားချက်များ ပေးပို့ထားသည်ဟု သတင်းရင်းမြစ်များက အတည်ပြုသည်။

ယင်းနှင့်ပတ်သက်ပြီး မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်မှုက မည်သို့ ရှိမလဲ ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...