စစ်ကောင်စီဥက္ကဋ္ဌ ပြောသည့် ဖက်ဒရယ်ပြည်ထောင်စု ရှင်းလင်းမှုမရှိဟု "ဝ" သွေးစည်းညီညွတ်ရေးပါတီဆို

စစ်ကောင်စီဥက္ကဋ္ဌ ပြောသည့် ဖက်ဒရယ်ပြည်ထောင်စု ရှင်းလင်းမှုမရှိဟု "ဝ" သွေးစည်းညီညွတ်ရေးပါတီဆို

“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများက ထုတ်ပြန်သည်။

ဆွေးနွေးပွဲတွင် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု စနစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် စစ်ကောင်စီ ဥက္ကဋ္ဌ ပြောသည့် “ဝ” ပြည်နယ်ကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်ပြီး ရှင်းလင်းမှု မရှိဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် UWSP လားရှိုးမြို့ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက ပြောသည်။

“တစ်နာရီ ဝန်းကျင်လောက် တွေ့ကြပါတယ်။ အခုက ကျန်းမာရေး ပညာရေး ဒေသဖွံ့ဖြိုးရေး၊ “ဝ” ပြည်နယ်ကိစ္စတွေ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ပတ်သက်ပြီးက ကျနော်လည်း သိပ်မရှင်းသေးဘူး။ ဆွေးနွေးတယ် ပြောဆိုကြတယ်ပေါ့ “ ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲ ရလဒ်နှင့် ပတ်သက်၍ တရားဝင်း ထုတ်ပြန်မည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယ ဥက္ကဋ္ဌ ဦးလော့ယာကုနှင့် အတူ ပြင်ပ ဆက်ဆံရေး ဒုဌာနကြီးမှူး ဦးပေါက်အိုက်ကော်နှင့် ပြင်ပဆက်ဆံရေးဌာန၊ လားရှိုးမြို့ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းတို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မေလ ၂၀ ရက်နေ့က စတင် ပြုလုပ်နေပြီး သုံးရက်လျှင် တစ်ဖွဲ့နှုန်း တွေ့ဆုံနေခြင်း ဖြစ်ကာ ယခု လေးဖွဲ့မြောက် အဖြစ် UWSP နှင့် တွေ့ဆုံခြင်း ဖြစ်သည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...