ဖက်ဒရယ် ပြည်ထောင်စုအရေး စစ်ကောင်စီနှင့် နားလည်မှုယူခဲ့ဟု KNU/KNLA (PC) ဆို

ဖက်ဒရယ် ပြည်ထောင်စုအရေး စစ်ကောင်စီနှင့် နားလည်မှုယူခဲ့ဟု KNU/KNLA (PC) ဆို

နိုင်ငံရေး အစုအဖွဲ့များ အားလုံး ပါဝင် ဆွေးနွေးထားသည့် သဘောတူညီချက်ကို အခြေခံပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပြည်ထောင်စု တည်ဆောက်ရေး စစ်ကောင်စီနှင့် နားလည်မှု ယူခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်( ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA (PC) ပြောရေးဆိုခွင့် ရှိသူ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးလို့ပဲ ပြောပြော ထာဝရ ငြိမ်းချမ်းရေးလို့ပဲ ပြောပြော အဲဒီကိစ္စရပ်တွေ ကတော့ ကျွန်တော်တို့ နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပြည်ထောင်စု တည်ဆောက်ရမယ်။ အဲဒီလို တည်ဆောက်တဲ့ အခါမှာလည်း သက်ဆိုင်တဲ့ နိုင်ငံရေး အစုအဖွဲ့တွေ အားလုံး ပါဝင်ဆွေးနွေးထားတဲ့ သဘောတူညီချက်အပေါ်မှာ အခြေခံပြီးတော့ တည်ဆောက်ရမယ် ဆိုတာကတော့ အခိုင်အမာ ပြောလို့ရပါတယ်။ စာနဲ့ပေနဲ့တော့ မဟုတ်ပေမယ့် အဲဒီလို နားလည်မှု ရှိခဲ့ပါတယ် ”ဟု ၎င်းက ပြောသည်။

နေပြည်တော်၌ မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည့် စစ်ကောင်စီနှင့် ဆွေးနွေးပွဲ အပြီးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်နိုင်ရန်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်နှင့် ထိုသို့ ဆောင်ရွက် ရာတွင် အားလုံး ပါဝင် ဆွေးနွေးထားသည့် သဘော တူညီချက်များ အပေါ် အခြေခံပြီး တည်ဆောက်ရန် ဆိုသည့် အချက်များကို စစ်တပ်၏ ငြိမ်းချမ်းရေး အဖွဲ့များနှင့် ခေါင်းဆောင်များ အကြားနား လည်မှု ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

KNU/KNLA (PC) သည် မေလ ၂၆ ရက်နေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး ၂၇ နှင့် ၂၈တို့တွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲကို KNU/KNLA(PC) ဘက်မှ ဥက္ကဌ စောထော့လေး၊ ဒုတိယ ဥက္ကဌ ဒေါက်တာ နော်ကပေါ်ထူး နှင့် ဗဟို ကော်မတီဝင် စောမောင်မောင်တို့ တက်ရောက်သည်။

နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများထဲမှ သဘော တူညီချက်များကို လက်မှတ် ရေးထိုးခဲ့သည်ဟု စစ်ကောင်စီ ပြန်ကြားရေးဘက်က ထုတ်ပြန်ထားသည်။

ထိုသို့ လက်မှတ် ရေးထိုးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး အသေးစိတ်ကိုမှု စစ်ကောင်စီနှင့် KNU/KNLA(PC) နှစ်ဖက်စလုံး တိတိကျကျ ထုတ်ပြန် ပြောကြားထားခြင်း မရှိသေးပေ။

စစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးရန် ၎င်း၏ ဖိတ်ခေါ်မှုကို လက်ခံသူများနှင့် တွေ့ဆုံလျက် ရှိပြီး အဖွဲ့ သုံးဖွဲ့ကို တွေ့ဆုံပြီး ဖြစ်သည်။

ထိုသို့ တွေ့ဆုံခဲ့ရာတွင် ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် နိုင်ငံ တည်ဆောက်ရေးကိစ္စများ ဟု ဆိုသော်လည်း အပစ်အခတ် ရပ်စဲရေး နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသော တိုက်ပွဲများ ရပ်တန့်ရေးနှင့် ပတ်သက်ပြီး ထူးထူးခြားခြား ဆွေးနွေးမှုများကို တွေ့ရှိရခြင်း မရှိသေးပေ။

စစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မေလ ၂၀ ရက်နေ့ကစပြီး နေပြည်တော်တွင် တခမ်းတနား ပြုလုပ်နေသော်လည်း နိုင်ငံနှင့် တဝန်း စစ်ရေး တင်းမာမှုများ ရှိနေပြီး နှစ်ဖက် တိုက်ပွဲများ ၊ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများ ရှိနေဆဲ ဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...