တပ်ရင်းမှူး နှုတ်ဆက်ပွဲ ဗုံးကွဲပြီး ပျက်

တပ်ရင်းမှူး နှုတ်ဆက်ပွဲ ဗုံးကွဲပြီး ပျက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပြုလုပ်သည့် စစ်ကောင်စီတပ်ရင်းမှူး နှုတ်ဆက်ပွဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် ပွဲပျက်သွားသည်ဟု မြို့ခံများက ပြောသည်။

မော်လမြိုင်ကျွန်းမြို့ရှိ၊ ရွှေရည်ဦးစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည့် ခမရ ၅၃၄ တပ်ရင်းမှူး ဗိုလ်မှူး ထွန်းစည် သူကျော်၏ နှုတ်ဆက်ပွဲတွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“တပ်ရင်းမှူးက ဆေးပင်စင်နဲ့ တပ်ကထွက်ခွင့်ရတာ။ ရွှေသံစဉ် တီးဝိုင်းက ဧည့်ခံနေတုန်း ဗုံးပေါက်တာ။ ဆိုကြမယ် ပျော်ကြမယ် မလုပ်ရပဲ ပွဲပျက်သွားတယ်” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

မေလ ၂၆ ရက်နေ့၊ ည (၉) နာရီခန့်က ပြုလုပ်သည့် ထိုနှုတ်ဆက်ပွဲက ဗုံးပေါက်ကွဲသံမှာ အတော်ကျယ်ကြောင်း လူထိခိုက်မှူမရှိသော်လည်း ကြောက်လန့်တကြား ထွက်ပြေးသွားကြသဖြင့် ပွဲပျက်သွားသည်ဟု အဆိုပါ မျက်မြင်တွေ့ရှိသူက ဆက်ပြောသည်။

အာဏာသိမ်းပြီး အစောပိုင်းကာလတွင် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးချုပ်နှောင်ရာတွင် အဓိက တာဝန်ရှိသူ ခမရ ၅၃၄ မှ တပ်ရင်းမှူး ထွန်းစည်သူကျော် ၏ နှုတ်ဆက်ပွဲကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု မော်လမြိုင်ကျွန်း မြို့ နယ် မြို့ပြ ပျောက်ကျားတပ်ဖွဲ့ (Mawgyun STF) က ထုတ်ပြန်ထားသည်။

နှုတ်ဆက်ပွဲပြုလုပ်သည့် စားသောက်ဆိုင်ကို ဗုံးဖောက်ခွဲခဲ့ ပြီးနောက် ည ၁၁ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းအနီးတွင် သွေးသစ္စာသီချင်းဖွင့်၍ ဗုံးကွင်းအတွင်းသို့ ရဲများထွက်လာရန် ခေါ်ထုတ်ခဲ့ သော်လည်း လာရောက်ခြင်းမရှိသဖြင့် ထောင်ခြောက်ဆင်ထားသော ဗုံးများကို  ပြည်သူများထိခိုက်မည်စိုး၍ ဖောက်ခွဲခဲ့ရကြောင်းလည်း (Mawgyun STF) ထုတ်ပြန်ထားသည်။

Mawgyun-STF အဖွဲ့ တိုက်ခိုက်မှုများ အရှိန်ဆက်မြင့်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင် စီ လက်အောက်ခံ စစ်သား၊ ရဲ၊ သတင်းပေး ဒလန် နှင့် ပျူစောထီးအဖွဲ့ဝင်များ အနီး သွားလာခြင်းများ မပြုလုပ်  ကြရန်လည်း မေတ္တာရပ်ခံထားသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...