ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အလွတ်သဘော ဆွေးနွေး

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အလွတ်သဘော ဆွေးနွေး

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အလွတ်သဘော ဆွေးနွေးခဲ့သည်ဟု ကချင်နိုင်ငံရေးဆိုင်ရာ ကြားကာလညှိနှိုင်းရေးအဖွဲ့(KPICT) က သတင်းထုတ်ပြန်သည်။

တွေ့ဆုံမှုကို မေ ၂၅ ရက်တွင် ပြုလုပ်ခဲ့ပြီး Norway Mission အစီအစဉ်ဖြင့် အလွတ်တမ်းဆွေးနွေး တင်ပြခြင်း အစီအစဉ်တစ်ရပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များကို အဓိက တင်ပြခဲ့သည့် အချက်များမှာ စစ်တပ်၏ အဓိကငွေကြေးထောက်တိုင်ကြီးဖြစ်သည့် ရေနံလုပ်ငန်းမှ ဝင်ငွေ လမ်းကြောင်း များအား ဖြတ်တောက်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းအသီးသီးနှင့် မျက်နှာစုံညီတွေ့ဆုံဆွေးနွေးရန် အလွန်အရေးကြီးကြောင်း၊ လူသားချင်းစာနာကူညီရေး အထောက်အပံ့များအား အိမ်နီးချင်းနိုင်ငံတို့၏ နယ်စပ်ဂိတ်များမှတဆင့် သယ်ယူပို့ဆောင်နိုင်ရာတွင် ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အာဆီယံနိုင်ငံတို့မှ ပူးပေါင်းဆွေး နွေးရန်လမ်းစဉ်အကောင်အထည်ဖော်ရေး တိုက်တွန်းနေခြင်းမှာ ငြိမ်းခါနီးသည့်မီးတောက်အား အသက်ပြန် သွင်းသည့်အသွင် မဖြစ်စေရန် အရေးကြီးကြောင်း စသည်တို့ဖြစ်သည်။

ယင်းအချက်များအပြင် အခြားသောအရေးကြီးကိစ္စများကို လုံခြုံရေးကောင်စီအဖွဲ့၀င်များနှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသော်လည်း မည်သည့်အကြောင်းအရာဖြစ်သည်ကို ထုတ်ပြန်ခြင်းမရှိပေ။

ဆွေးနွေးပွဲသို့ KPICT အတွင်းရေးမှူး Salang Nsang Gum San နှင့် အခြားတိုင်းရင်းသား တော် လှန်ရေးအဖွဲ့ ကိုယ်စားလှယ်များပါဝင်ခဲ့ကြသည်ဟု KPICT ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...