စစ်ကောင်စီ ထိုးစစ်ဆင် မီးရှို့နေ၍ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာ ၂၀ ခန့် တိမ်းရှောင်နေရ

စစ်ကောင်စီ ထိုးစစ်ဆင် မီးရှို့နေ၍ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာ ၂၀ ခန့် တိမ်းရှောင်နေရ

စစ်ကောင်စီတပ် ထိုးစစ်ဆင်မှုနှင့် ရွာစဉ်အလိုက် လူနေအိမ်များကို မီးရှို့မှုများကြောင့် စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီး မြို့နယ်ရှိ ကျေးရွာ ၁၉ ရွာမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရသည်။

မေလ ၂၅ ရက်နေ့တွင် ထွက်ပြေး တိမ်းရှောင်နေရသည့်  ရွာများမှာ ယင်းမာပင်မြို့ နယ်မှ အောင်ချမ်းသာ ၊ စည်လှောင် ၊ အောင်ချမ်းအေး ၊ စည်လှောင်ချောင်း ၊ မြရိပ် ၊ မြစိမ်း ၊ ရေကြည်ပင် ၊ ရေကြည်ပင်ရွာသစ် ၊ သဲတောကြီး ၊ ရွှေပန်းခိုင် ၊ ဆည်ထန်းတောကြီး ၊ ရွှေပေကုန်း ၊ ကြေးစာကျ ၊ အုံတုံပင် ၊ ဘိန်းနွယ်ချောင် ကျေးရွာ တို့ ဖြစ်ပြီး ဆားလင်းကြီးမြို့နယ်ထဲမှ ရွာသာ ၊ ဂုဏ်တော ၊ ဒုန်းတော ၊ ကံကုန်း ကျေးရွာ တို့ ဖြစ်သည်။ အဆိုပါ ရွာများမှ တိမ်းရှောင်နေရသည့် လူဦးရေသည် ပျမ်းမျှ ၁၀,၀၀၀ ကျော် ရှိသည်ဟု ဒေသခံများက ပြောသည်။

မဇ္စျိမ က လက်ခံရရှိထားသော ရုပ်သံဖိုင်တွင် နိုင်ရာ ပစ္စည်းများကို သယ်ဆောင်ပြီး ဆိုင်ကယ်များဖြင့်  မိုးရွာထဲတွင် ထွက်ပြေး တိမ်းရှောင် နေရပုံများကို တွေ့ရှိရပြီး မီးလောင် ဆုံးရှုံးသွားသည့် နေအိမ် အရေအတွက်နှင့် အသေးစိတ် အဖြစ်အပျက်များကို မသိရှိရသေးပေ။

အဆိုပါ စစ်ဘေးရှောင် နှင့် မီးဘေးသင့် ပြည်သူများအတွက် “ပြည်သူမှ ပြည်သူသို့” ပရဟိတ အဖွဲ့က အတတ်နိုင်ဆုံး အကူအညီ ပေးရေးများ ဆောင်ရွက်နေသော်လည်း ရိက္ခာ ၊ ဆေးဝါး နှင့် ဘဏ္ဍာငွေ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ ထို့အတွက် စေတနာရှင်များ အနေဖြင့် အကူအညီ ပေးကြရန် မေတ္တာရပ်ခံကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောဆိုထားသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...