နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဂတိ ၄ မှုဖြင့် စွဲချက်တင်ခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဂတိ ၄ မှုဖြင့် စွဲချက်တင်ခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့် ဆက်စပ် စွဲဆိုထားသည့် အဂတိအမှုလေးမှုဖြင့် စွဲချက်တင်ကြောင်း ယမန့်နေ့  မေလ ၂၄ ရက်နေ့ ရုံးချိန်းတွင် အမိန့် ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါအမှုများနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက မေလ ၁၇ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့်အပေါ် လျှောက်လဲချက်ပေးခဲ့ကြခြင်းဖြစ်သည်။

စွဲချက်အမိန့်ချခဲ့သည့်အမှုများနှင့်ပတ်သက်ပြီး တရားလို ဦးရဲထက်အပါအဝင် တရားလိုပြသက်သေ အချို့ကို ပြန်ခေါ်သက်သေများအဖြစ် ပြန်လည်စစ်ဆေးရန်ရှိနေကြောင်း သိရသည်။

ယင်းအမှုများ၏တရားလိုမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေမှူးဦးရဲထက်ဖြစ် ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့လည်း ပူးတွဲစွဲဆိုခံထားရသည်။

အဆိုပါ အမှုလေးမှုထဲမှတစ်မှုမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ရုံးချုပ်)ဖွင့်လှစ်ရန် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၆၀ ရှိ မြေ ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အဦးကိစ္စတို့နှင့် ပတ်သက်ကာ စွပ်စွဲထားခြင်းဖြစ်သည်။

ကျန်သုံးမှုမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်လရောင်တောတွင် စိုက်ပျိုးသက်မွေး ပညာသင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ရန် ဉတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁ ဒသမ ၃၃ ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧက လျှောက်ထားရယူသည့်ကိစ္စ၊ ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းဉက္ကဋ္ဌနေထိုင်ရန် တစ်ထပ်အဆောက်အဦးကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းငွေဖြင့် ဆောက်သည်ဆိုသည့်ကိစ္စတို့နှင့် ပတ်သက်ကာ စွပ်စွဲတရားစွဲထားခြင်းဖြစ်သည်။

အဆိုပါ အမှုများနှင့် ပတ်သက်ပြီး နောက်ရုံးချိန်းကို လာမည့် မေလ ၃၁ ရက် အင်္ဂါနေ့သို့ ထပ်မံချိန်းဆို ထားသည်။

ယခုရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ လာဘ်ယူသည်ဟုဆိုကာ စွပ်စွဲထားသည့် အမှုနှစ်မှုကိုလည်း စစ်ဆေးခဲ့ကြောင်း သိရ သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...