ကော့သောင်း-ရနောင်း ရေကြောင်းလမ်းမှတဆင့် မြန်မာရွှေ့ပြာင်း အလုပ်သမား ၂၀၀ကျော် ပထမဆုံးအကြိမ် စေလွှတ်

ကော့သောင်း-ရနောင်း ရေကြောင်းလမ်းမှတဆင့် မြန်မာရွှေ့ပြာင်း အလုပ်သမား ၂၀၀ကျော် ပထမဆုံးအကြိမ် စေလွှတ်

မြန်မာ-ထိုင်း နယ်စပ် ဖြစ်သည့် ကော့သောင်း-ရနှောင်း ရေကြောင်းလမ်းမှ တဆင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ဦးရေ ၂၀၀ ကျော်ကို MOU စနစ်ဖြင့် ယနေ့ မေလ ၂၄ ရက်နေ့တွင် ပထမအကြိမ် စေလွှတ်သွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံး (Myanmar Labour Attache Office) ထံက သိရသည်။

လက်ရှိတွင် နှစ်နိုင်ငံ သဘောတူညီမှု အရ MOU စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက ကနဦး ရောက်ရှိ လာသည့် အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း အယောက် ၃၀ အားပို့ဆောင်ခဲ့ပြီး ဖြစ်သည်ဟု အလုပ်သမား သံအရာရှိရုံး Myanmar Labour Attache Office မှ ဦးရဲလင်းက ဆိုသည်

“အခု လက်ရှိ အယောက် ၃၀ ကို မနက်က ပို့လိုက်ပါပြီ။ နောက်ထပ် ၁၉၀ ကျော် ကျန်ပါသေးတယ်။ ရန်ကုန်ကနေ လေယာဉ်နဲ့ လာနေသေးလို့ မရောက်သေးတာ ”ဟု ဦးရဲလင်းက ပြော သည်။

အဆိုပါ အလုပ်သမားများကို အေဂျင်စီ နှစ်ခုမှ ချိတ်ဆက်၍ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ချုံဖွန်မြို့ ရှိ Gand A Thai fruit Co., Ltd ဒူးရင်းသီး မုန့်စက်ရုံသို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံကို MoU အလုပ်သမား စေလွှတ်မှု အဖြစ် မြဝတီ- မဲဆောက် လမ်းကြောင်းမှ တစ်ဆင့် မေ ၁၀ ရက်တွင် မြန်မာ အလုပ်သမား ၂၈၇ ဦးကို စတင် ပို့ဆောင်ခဲ့ပြီး မြဝတီ- မဲဆောက် လမ်းကြောင်း တစ်ခုတည်းမှပင် MUU လုပ်သား ၁,၁၁၅ ဦး အထိ ထိုင်းအစိုးရက ခေါ်ယူထားကြောင်း သိရ သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...