အမ်းမြို့နယ်အတွင်း သေနတ်သံများ ထွက်ပေါ်၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်နေ

အမ်းမြို့နယ်အတွင်း သေနတ်သံများ ထွက်ပေါ်၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်နေ

အမ်းမြို့နယ်အတွင်း ယမန်နေ့ ည ၁၀ နာရီအချိန်က သေနတ်ပစ်ခတ်သံများ အဆက်မပြတ် ထွက်ပေါ်ခဲ့သဖြင့် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်နေရကြောင်း အမ်းမြို့နယ်ဒေသခံများကပြောသည်။

သာမန်လက်နက်စမ်းသပ်သည့်ပုံစံမျိုးမဟုတ်ဘဲ လက်နက်ကြီး၊ လက်နက်ငယ်များအား အဆက်မပြတ် ပစ်ခတ်သည့်အသံများကိုကြားခဲ့ရသည်ဟု အမ်းမြို့နယ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

“လက်နက်ကြီးရော လက်နက်ငယ်ရော အဆက်မပြတ်ပစ်တာ။ ဘာကြောင့်ပစ်တယ်ဆိုတာကိုတော့ မသိဘူး။ အပြန်အလှန်ပစ်ခတ်သံတော့မဟုတ်ဘူး။ တစ်ဖက်တည်းပစ်ခတ်နေတဲ့ အသံဖြစ်တယ်။ အရင်တုန်းက အခုလိုပစ်ခတ်သံရှိတယ်ဆိုပေမဲ့ အခုလို အဆက်မပြတ်ပစ်တာတွေ၊ ညဉ့်အချိန်ပစ်တာတွေ မရှိခဲ့ဖူးဘူး”ဟု ၎င်းကဆိုသည်။

ထိုသို့ပစ်ခတ်သံများထွက်ပေါ်ခဲ့သည့်နေရာများမှာ မြို့ဟောင်း၊ အောက်ရွာ၊ ရွာသာရွာနှင့် ခလရ ၃၇၃ တပ်ရင်းတို့မှဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။ ယင်းအပြင် အမ်းမြို့တွင်းနှင့် လေယာဉ်ကွင်းအနီး တို့တွင်လည်း ဒရုန်းပျံသန်းခြင်းများရှိခဲ့သည်ဟု သိရသည်။

အောက်ရွာကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “အခုက စစ်တပ်ကလဲ ရွာတွေကိုဝင်စစ်တာ ရှိနေတော့ တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တယ်။ ညတုန်းကဆိုရင် အိပ်လို့တောင်မရဘူး။ ဘယ်နားပြေးရမလဲဆိုတာကိုဘဲ စဉ်းစားနေရတယ်”ဟု ဆိုသည်။

အမ်းမြို့တွင် မြန်မာစစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိပြီး ယခုကဲ့သို့ ပစ်ခတ်သံများ ထွက်ပေါ်လာခြင်းကြောင့် တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ ပစ်ခတ်သံများ ထွက်ပေါ်လာခြင်းမှာ နှစ်ဖက်ပစ်ခတ်မှုဟုတ်၊ မဟုတ်ကို DMG မှ သီးခြားအတည်မပြုနိုင်သေးပါ။

အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုများကို မြန်မာစစ်တပ်က လုပ်ဆောင်လျက်ရှိနေခြင်းကြောင့် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ကြောင့်လည်း ဒေသခံများက ပြောသည်။

AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူးကို “ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ၊ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်”ဟု ၎င်း၏လူမှုကွန်ရက် တွစ်တာမှတစ်ဆင့် မေလ ၆ ရက်နေ့က သတိပေး ပြောဆိုထားသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...