ကိုဟန်မျိုးသူရိန်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ထောင်ဒဏ်တစ်နှစ်ချမှတ်

ကိုဟန်မျိုးသူရိန်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ထောင်ဒဏ်တစ်နှစ်ချမှတ်

နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ- ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ အသက် ၂၆ နှစ်အရွယ် ကိုဟန်မျိုးသူရိန်ကို ယနေ့(မေလ ၂၀ ရက်)ရုံးချိန်းတွင် သံတွဲမြို့နယ်တရားရုံး ထောင်ဒဏ်တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ရှေ့နေထံမှ သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက သံတွဲမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီးခံရသူများလွတ်မြောက်ရေးအတွက်ဆောင်ရွက်ရာ၌ ရဲတပ်ဖွဲ့ကို တားဆီးသည်ဟုဆိုကာ ကိုဟန်မျိုးသူရိန်ကို သံတွဲမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့အမိန့်ချမှတ်ခြင်းနှင့်ပတ်သက်ပြီး အမှုကိုလိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ မမျိုးတင်ဇာထွန်းက “ဒီနေ့ ကိုဟန်မျိုးသူရိန်ကို ထောင်ဒဏ်တစ်နှစ် ချလိုက်တာပေါ့နော်။ အလုပ်ကြမ်းတော့ မပါဘူး။ ချုပ်ရက်တွေကိုထုတ်နှုတ်ခံစားခွင့်ရပါတယ်”ဟုပြောသည်။

ကိုဟန်မျိုးသူရိန်မှာ ဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်းများ၌ တက်ကြွစွာပူးပေါင်းလုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်သကဲ့သို့ NGO အဖွဲ့အစည်းများတွင်လည်း လူ့အခွင့်အရေးသင်တန်းများကို ပို့ချနေသူ တစ်ဦးဖြစ်သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...