စီးပွားရေးလုပ်ငန်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စစ်ကောင်စီပြင်ဆင်နေ

စီးပွားရေးလုပ်ငန်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စစ်ကောင်စီပြင်ဆင်နေ

စီးပွားရေးလုပ်ငန်းများအပေါ် အခွန်များတိုးမြှင့်ကောက်ခံရန်ပြင်ဆင်နေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်တွင် မေလ ၁၉ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။

ပြည်သူလူထုက ပေးဆောင်ရသည့် သာမာန်အခွန်အပေါ်တွင် နှုန်းထားများ များစွာ တိုးမြှင့်ကောက်ခံရန် မရှိဘဲ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သတ်ပါက ယင်းသို့ လုပ်ဆောင်သွားရန်အစီအစဉ်ရှိသည်ဟု ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခွန်နှုန်းထားတွေနဲ့ ပတ်သတ်လို့ အချို့သောအခွန်နှုန်းထားတွေကတော့ သင့်တင့်တဲ့နှုန်းနဲ့ ကောက်ခံဖို့ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

အခွန်နှုန်းထားများတိုးမြှင့်ကောက်ခံရန် မရှိ၊ မရှိနှင့်ပတ်သက်၍မေးမြန်းသည့် မေးခွန်းတစ်ခုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မိုဘိုင်းဖုန်းများရှိ IMEI နံပါတ်ကို မှတ်ပုံတင်ခိုင်းပြီး အခွန်ကောက်ရန် စစ်ကောင်စီက ပြင်ဆင်နေကာ အခွန်မပေးဘဲ ဝင်ရောက်လာသည့် ဖုန်းများရှိသည့်အတွက် ယင်းအပေါ် ကန့်သတ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်တော်တို့သည် အခွန်စနစ်တွေနဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ် စည်းကမ်းနည်းလမ်းကျအောင်တော့ ဆက်လုပ်သွားရမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီက ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ပို့ကုန်လုပ်ငန်း ဆောင်ရွက် ခဲ့သောကုမ္ပဏီများကို ပို့ကုန်ရငွေများသုံးလအတွင်းဘဏ်စာရင်းသို့ နိုင်ငံခြားငွေဖြင့်ပြန်လည်မဝင်ရောက် သည့် ကိစ္စဖြင့် Blacklist (အမည်ပျက်စာရင်း) သွင်းခြင်းများပြုလုပ်နေသည်။

အလားတူ သွင်းကုန်ပိုင်းတွင်လည်း NLD အစိုးရလက်ထက်က လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန် ပစ္စည်းများကို လိုင်စင်ပြန်လျှောက်ခိုင်းခြင်းများလည်း ပြုလုပ်လျက်ရှိသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...